မနက်ဖြန်နေ့တွင် သူတို့နှင့်စစ်တိုက်ဖို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့တက်သွားရာလမ်းအတိုင်း ချီလာကြလိမ့်မည်။ ယေရွေလတောကန္တာရနှင့် မျက်နှာချင်းဆိုင် ချိုင့်ဝှမ်းအဆုံးနားတွင် သင်တို့နှင့်ဆုံကြလိမ့်မည်။
နက်ဖြန်ထိုသူတို့ဇိဇမြို့တောင်ကြားလမ်း သို့ချီတက်လာသောအခါ သူတို့အားတိုက် ခိုက်ကြလော့။ သင်တို့သည်ယေရွေလအနီး တောကန္တာရသို့သွားရာချိုင့်ဝှမ်းအဆုံး၌ သူတို့နှင့်တွေ့ဆုံမိကြလိမ့်မည်။-
ဇိ ဇ လမ်း ဖြင့် တက် လာ သော ရန် သူ တို့ ရှိ ရာ သို့ နက် ဖြန် ချီ သွား ကြ လော့။ ယေ ရွေ လ တော စပ် ချိုင့် အ စွန်း တွင် တွေ့ ဆုံ ကြ လိမ့် မည်။
နက်ဖြန်နေ့ သူတို့ရှိရာသို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့် လာကြစဉ်၊ ယေရွေလတောစပ်နား၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည်။
“အို ယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ နားထောင်ကြပါလော့။ ထာဝရဘုရားက သင်တို့အား ‘ဤစစ်တပ်ကြီးကြောင့် သင်တို့မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့အရေးမဟုတ်။ ဘုရားသခင်၏အရေးသာ ဖြစ်၏။
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သူတို့ကို မကြောက်နှင့်။ မနက်ဖြန် ယခုလိုအချိန်တွင် ငါသည် သူတို့အားလုံးကို အစ္စရေးစစ်သည်တို့ရှေ့တွင် အသတ်ခံရစေမည်။ သင်သည် မြင်းများ၏တံကောက်ကြောကို ဖြတ်ပစ်ရမည်၊ စစ်ရထားများကိုလည်း မီးရှို့ပစ်ရမည်”ဟု မိန့်တော်မူ၏။