အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
၂ ရာချုပ် 19:4 - မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် စံမြန်းတော်မူစဉ် ဗေရရှေဘမြို့မှစ၍ ဧဖရိမ်တောင်ပေါ်ဒေသတိုင်အောင် လှည့်လည်ကာ လူတို့အား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လာစေ၏။ Common Language Bible ယောရှဖတ်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူသော်လည်း တောင်ဘက်ရှိဗေရရှေဘ မြို့မှသည်မြောက်ဘက်တောင်ပေါများသည့် ဧဖရိမ်နယ်စပ်တိုင်အောင် အမြဲတစေလှည့် လည်၍ပြည်သူတို့အားမိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားထံ တော်သို့ပြန်စေတော်မူ၏။- Garrad Bible ယော ရှ ဖတ် မင်း သည်၊ ယေ ရု ရှ လင် မြို့၌ စံ နေ သည့် ကာ လ၊ ဗေ ရ ရှေ ဘ မြို့ မှ စ၍ ဧ ဖ ရိမ် ခင် တန်း တိုင် အောင့် လှည့် လည် လျက်၊ ပြည် သူ ပြည် သား တို့ ကို၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဘက် တော် သို့ ပြန် ဝင် စေ ၏။ Judson Bible ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌နေ၏။ တစ်ဖန် ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင်တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်စေတော်မူ၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ထိုအခါ အာဗြဟံသည် ဗေရရှေဘအရပ်၌ ဧရှာလပင်ကိုစိုက်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ထိုအရပ်၌ ခေါ်ဆိုပတ္ထနာပြုလေ၏။
သူသည် ဖခင်တို့၏စိတ်နှလုံးကို သားသမီးထံသို့လည်းကောင်း၊ သားသမီးတို့၏စိတ်နှလုံးကို ဖခင်တို့ထံသို့လည်းကောင်း ပြန်လှည့်လာစေလိမ့်မည်။ သို့မဟုတ်လျှင် ငါသည် ကြွလာ၍ ကမ္ဘာမြေကို ကျိန်ခြင်းဖြင့်ဒဏ်ခတ်ရလိမ့်မည်။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။
ယောရှုကလည်း သူတို့အား “သင်တို့၏လူဦးရေများပြားသောကြောင့် ဧဖရိမ်တောင်ပေါ်ဒေသသည် သင်တို့အဖို့ ကျဉ်းကျပ်သည်ဆိုလျှင် ဖေရဇိပြည်၊ ရေဖိမ်ပြည်ရှိ တောများကို ခုတ်ထွင်ရှင်းလင်းကြလော့”ဟု ဆိုလေ၏။
အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။