ထိုသူတို့နှင့်အတူ လေဝိအမျိုးသား ရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရာမုတ်၊ ယေဟောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘအဒေါနိယနှင့် ယဇ်ပုရောဟိတ်ဧလိရှမာ၊ ယဟောရံတို့လည်းလိုက်ပါသွားကြ၏။
သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
လေဝိသား ရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ် ဧလိရှမာနှင့် ယောရံကိုလည်းကောင်း စေလွှတ်တော်မူ၏။
ဂျေရုဆလင်မြို့တွင်လည်း ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်နှင့်ဆိုင်သောအမှု၊ အငြင်းပွားမှုတို့ကို စီရင်ရန် ယောရှဖတ်မင်းကြီးသည် လေဝိအမျိုး၊ ယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ထဲမှအချို့ကို ဂျေရုဆလင်မြို့တွင် ခန့်ထား၏။
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။