ယေဒယေလ၏သားအားလုံးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ သူတို့တွင် စစ်ပွဲ၌စစ်မှုထမ်းနိုင်သောစစ်သူရဲပေါင်း တစ်သောင်းခုနစ်ထောင့်နှစ်ရာ ရှိ၏။
၂ ရာချုပ် 17:17 - မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်အမျိုးမှ စစ်သူရဲဧလျာဒနှင့် လေးနှင့်ဒိုင်းလွှားကိုင်စစ်သည်တော်အယောက်နှစ်သိန်း၊ Common Language Bible ဗင်္ယာမိန်အနွယ်ဝင်တို့၏တပ်မှူးသည်ဧလျာဒ ဖြစ်၏။ သူသည်လေးနှင့်ဒိုင်းလွှားကိုင်စစ်သည် တော်နှစ်သိန်းကိုအုပ်ချုပ်ရသူ၊ ထူးချွန်သည့် စစ်သူရဲတစ်ဦးဖြစ်လေသည်။- Garrad Bible ဗင်္ယာ မိန့် အ နွယ်၊ စစ် ခေါင်း မာ သူ ဧ လျာ ဒ နှင့်၊ လေး၊ ဒိုင်း လွှား ကိုင် နှစ် သိန်း၊ Judson Bible ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊ |
ယေဒယေလ၏သားအားလုံးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ သူတို့တွင် စစ်ပွဲ၌စစ်မှုထမ်းနိုင်သောစစ်သူရဲပေါင်း တစ်သောင်းခုနစ်ထောင့်နှစ်ရာ ရှိ၏။
အာသမင်းကြီးက ယုဒလူမျိုးတို့အား “ဤမြို့တို့ကို ငါတို့ တည်ဆောက်ကြစို့။ မြို့ကိုဝိုင်းရံထားသောမြို့ရိုး၊ ရဲတိုက်များ၊ တံခါးများနှင့် ကန့်လန့်ကျင်များကို ဆောက်လုပ်ကြစို့။ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် တိုင်းပြည်သည် ငါတို့ လက်ထဲ၌ရှိလေပြီ။ ကိုယ်တော်ကို ရှာသောကြောင့် ငါတို့ဝန်းကျင်၌ ငြိမ်းချမ်းခြင်းကို ပေးတော်မူပြီ”ဟု မိန့်ဆို၏။ ဤသို့ဖြင့် မြို့များကိုတည်ဆောက်အောင်မြင်လေ၏။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။
ယေဟောဟနန်၏လက်အောက်တွင် ထာဝရဘုရားအတွက်စေတနာစိတ်ထက်သန်သူ ဇိခရိ၏သားအာမသိနှင့် စစ်သူရဲအယောက်နှစ်သိန်း၊
သူ့လက်အောက်တွင် ယဟောဇဗဒ်နှင့် လက်နက်ကိုင်စစ်သည်တော်အယောက်တစ်သိန်းရှစ်သောင်း ရှိ၏။
ဗင်္ယာမိန်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ