ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
၂ ရာချုပ် 17:10 - မြန်မာ့စံမီသမ္မာကျမ်း ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။ Common Language Bible ထာဝရဘုရားသည်ပတ်ဝန်းကျင်နိုင်ငံ အပေါင်းတို့အား ယောရှဖတ်နှင့်စစ်ဖြစ် ရန်ကြောက်လန့်စေတော်မူ၏။- Garrad Bible ယု ဒ ပြည် ပတ် ဝန်း ကျင် ရှိ သ မျှ တိုင်း နိုင် ငံ သား တို့ အ ပေါ် သို့၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ် ပွား သော ထိတ် လန့် ခြင်း သက် ရောက် သည် ဖြစ်၍၊ ယော ရှ ဖတ် မင်း ကို စစ် မ တိုက် ဝံ့ ကြ ချေ။ Judson Bible ယုဒပြည်ပတ်ဝန်းကျင် တိုင်းနိုင်ငံရှိသမျှတို့သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲနေကြ၏။ |
ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
အာသမင်းကြီးနှင့်သူ၏စစ်သည်တို့သည် သူတို့ကို ဂေရာမြို့အထိလိုက်လံတိုက်ခိုက်ကြ၏။ အီသီယိုးပီးယားလူမျိုးတို့သည် ထာဝရဘုရားနှင့် စစ်သည်တော်တို့ရှေ့တွင်မခံမရပ်နိုင်တော့ဘဲ ရှုံးနိမ့်သွားကြ၏။ ယုဒလူမျိုးတို့သည်လည်း တိုက်ရာပါပစ္စည်းအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့၏။
ဂေရာမြို့နှင့် အနီးဝန်းကျင်ရှိမြို့များမှ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ယုဒလူမျိုးတို့သည် ထိုမြို့အားလုံးကို ဖျက်ဆီးနိုင်ခဲ့၏။ မြို့အားလုံးတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့၍ တိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူနိုင်ခဲ့၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
အစ္စရေးလူမျိုးတို့၏ရန်သူတို့အား ထာဝရဘုရားတိုက်ခိုက်သည့်အကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအပေါင်းတို့ ကြားသိကြလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြလေ၏။
လူမျိုးခြားတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်ပြီး သင်၏နယ်ပယ်ကို ငါကျယ်ဝန်းစေမည်ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ်မျက်နှာလာပြစဉ်အတွင်း မည်သူမျှ သင်၏မြေကို လိုချင်တပ်မက်စိတ် မရှိစေရ။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။