အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
၂ ရာချုပ် 16:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့တည်ဆောက်ခြင်းအမှုကိုဆက်မလုပ်တော့ဘဲ ရပ်စဲလိုက်လေ၏။ Common Language Bible ဤသတင်းကိုကြားသောအခါဗာရှာမင်း သည် ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ လိုက်လေသည်။- Garrad Bible ထို သ တင်း ကို ဗာ ရှာ မင်း ကြား သော်၊ ရာ မ မြို့ တည် ဆောက် မှု ကို လက် လွှတ် ခဲ့ ရာ တွင်၊ Judson Bible ထိုသတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍ နေ၏။ |
အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့ကို မတည်ဆောက်တော့ဘဲ တိရဇာမြို့တွင် စံနေလေ၏။
ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍ နဿလိနယ်ရှိသိုလှောင်ရာမြို့ရှိသမျှတို့ကို သွားရောက်တိုက်ခိုက်စေ၏။
အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။