ကျန်ရှိနေသော နာဒပ်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၂ ရာချုပ် 15:19 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီး နန်းစံသုံးဆယ်ငါးနှစ်အထိ စစ်ပွဲဟူ၍ မရှိခဲ့ပေ။ Common Language Bible သူ၏နန်းစံသုံးဆယ့်ငါးနှစ်အထိနောက် တစ်ဖန်စစ်မက်မဖြစ်ပွားတော့ချေ။ Garrad Bible နောက် တစ် ဖန်၊ နန်း စံ သုံး ဆယ့် ငါး နှစ် တိုင် အောင်၊ စစ် ရေး မ ပေါ် မ ထွက် ချေ။ Judson Bible နောက်တစ်ဖန် နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။ |
ကျန်ရှိနေသော နာဒပ်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် အဟိယ၏သားဗာရှာမင်းကြီးနန်းတက်ပြီး တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်လေးနှစ်အုပ်စိုး၏။
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
အာသမင်းကြီးနန်းစံသုံးဆယ့်ခြောက်နှစ်တွင် အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။