သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောတန်ဆာတို့ကို မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ၊ တန် ဆာများနှင့်အတူဗိမာန်တော်တွင်ထားရှိ တော်မူ၏။-
ခ မည်း တော် သီး သန့် ထား ခဲ့ သော ဘ ဏ္ဍာ များ နှင့်၊ ကိုယ် တိုင် သီး သန့် ထား သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ပါ၊ ဗိ မာန် တော် သို့ သွင်း ထား သ တည်း။
ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
အာသမင်းကြီး နန်းစံသုံးဆယ်ငါးနှစ်အထိ စစ်ပွဲဟူ၍ မရှိခဲ့ပေ။