ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
၂ ရာချုပ် 15:17 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။ Common Language Bible ရုပ်တုကိုးကွယ်ရာဌာနရှိသမျှကိုမဖျက် ဆီးသော်လည်း အာသသည်တစ်သက်လုံး ထာဝရဘုရားကိုသစ္စာစောင့်တော်မူလေ သည်။- Garrad Bible ဣ သ ရေ လ ပြည် ရှိ မြင့် ရာ ဌာ န များ ကို မ ပယ် သော် လည်း၊ အာ သ မင်း သည်၊ လက် ထက် တော် ကာ လ ပတ် လုံး၊ စုံ လင် စိတ် ရှိ၏။ Judson Bible မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ်ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသစိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။ |
ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသဖြင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့တွင် ယဇ်ပူဇော်ခြင်း၊ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းတို့ကို ပြုကြ၏။
အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် ရှိကြ၏။
အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
သူ၏စိတ်နှလုံးသည် ထာဝရဘုရား၏တရားလမ်းတို့၌ မွေ့လျော်၏။ ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ဖယ်ရှားပစ်ခဲ့၏။
ယောရှဖတ်မင်းကြီးသည် ခမည်းတော်အာသမင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှ လွဲမသွားဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာပြုကျင့်၏။
သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့။ လူတို့သည်လည်း မိမိတို့ဘိုးဘေးတို့၏ဘုရားသခင်ထံ စိတ်နှလုံးကို မအပ်နှံဘဲနေကြသေး၏။
ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
သို့သော် လူတို့သည် အထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ယဇ်ပူဇော်ကြသော်လည်း မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ပူဇော်ကြ၏။