ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
၂ ရာချုပ် 11:9 - မြန်မာ့စံမီသမ္မာကျမ်း အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊ Judson Bible အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊ |
ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
အာမဇိမင်းကြီးသည် ထာဝရဘုရားကိုကျောခိုင်းသွားပြီးနောက် ဂျေရုဆလင်မြို့တွင် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိ လူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကို ကွပ်မျက်ကြ၏။
ထို့နောက်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် မိမိဗိုလ်ခြေအပေါင်းတို့နှင့်အတူ လာခိရှမြို့ကိုဝိုင်းထားပြီး မိမိအမှုထမ်းများကို ဂျေရုဆလင်မြို့သို့စေလွှတ်၍ ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့ရှိယုဒလူမျိုးအပေါင်းတို့အား
ထိုအချိန်ကား ဘေဘီလုံဘုရင်နှင့် သူ၏စစ်သည်များက ဂျေရုဆလင်မြို့နှင့် ယုဒပြည်၌ကျန်ရှိသောမြို့များဖြစ်သည့် လာခိရှမြို့၊ အဇေကာမြို့တို့ကို တိုက်ခိုက်နေသောအချိန်ဖြစ်၏။ ဤကျန်ရှိသောမြို့တို့သည် ယုဒခံတပ်မြို့များဖြစ်၏။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် လိဗနမြို့မှ လာခိရှမြို့သို့ ချီတက်ပြီး ထိုမြို့အနီး၌ စခန်းချကာ ထိုမြို့ကို တိုက်ခိုက်လေ၏။
ထို့ကြောင့် အာမောရိဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့သည် သူတို့၏စစ်သည်အပေါင်းတို့နှင့်တကွ ပူးပေါင်းစစ်ချီကြ၏။ ဂိဗောင်မြို့အနီး၌ စခန်းချ၍ ဂိဗောင်မြို့ကို တိုက်ခိုက်ကြ၏။