ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
၂ ရာချုပ် 11:11 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ခံတပ်မြို့များကို ခိုင်ခံ့အောင်လုပ်ပြီး ထိုနေရာတွင် အုပ်ချုပ်သူများကို ခန့်ထားကာ စားနပ်ရိက္ခာများ၊ သံလွင်ဆီများ၊ စပျစ်ဝိုင်များကို သိုလှောင်ထား၏။ Common Language Bible ထိုမြို့တို့ကိုခိုင်ခံ့စွာတံတိုင်းကာပြီးလျှင် မြို့တိုင်းတွင် တပ်မှူးတစ်ဦးစီခန့်ထား၍ ဆီ၊ စပျစ်ရည်၊ စားနပ်ရိက္ခာ၊- Garrad Bible ဗိုလ် မှူး များ ကို ခန့် ထား ပြီး လျှင် ဆီ၊ စ ပျစ် ရည်၊ ရိ က္ခာ တော် များ ကို သို ထား ၍ Judson Bible ရဲတိုက်များကိုလည်းခိုင်ခံ့စေ၍၊ အကြီးအကဲနှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။ |
ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
မြို့တိုင်းတွင် ဒိုင်းလွှားများ၊ လှံများ ထားရှိပြီး တောင့်တင်းခိုင်မာအောင်ပြု၏။ ဤသို့ဖြင့် ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်ကို အုပ်ချုပ်လေ၏။
ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။
ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် အင်အားကြီးသည်ထက်ကြီးလာ၏။ ယုဒပြည်တွင် ခံတပ်များ၊ ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။
ဤသည်ကား ရှင်ဘုရင်၏အမှုထမ်းများ ဖြစ်ကြ၏။ ထို့ပြင် ယုဒပြည်တစ်ပြည်လုံးရှိ ခံတပ်မြို့များ၌ ရှင်ဘုရင်ချထားသောသူများလည်း ရှိသေး၏။
“အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။