ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
၂ ရာချုပ် 1:6 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ရှိ ကြေးနီယဇ်ပလ္လင်နားသို့သွား၍ ထာဝရဘုရားထံ မီးရှို့ရာယဇ်အကောင်တစ်ထောင်ကို ပူဇော်၏။ Common Language Bible မင်းကြီးသည်ယဇ်ကောင်တစ်ထောင်ကိုသတ်၍ တစ်ကောင်လုံးမီးရှို့ရာယဇ်အဖြစ် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ကြေးဝါယဇ်ပလ္လင်ပေါ်တွင်ပူဇော်တော်မူ သည်။ Garrad Bible ထာ ဝ ရ ဘု ရား ရှေ့၊ တွေ့ ဆုံ ရာ တဲ တော် ရှိ ကြေး ပ လ္လင် တော် သို့ ရှော လ မုန် မင်း ရောက် သော်၊ ထို ပ လ္လင် ပေါ် မှာ မီး ရှို့ ရာ သ က္ကာ တစ် ယောက် ကို ပူ ဇော် လေ ၏။ Judson Bible ထိုသို့ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့၊ ထာဝရဘုရား ရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှောလမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။ |
ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
ရှောလမုန်မင်းကြီးနှင့် သူ့ထံသို့စုဝေးရောက်ရှိလာသောအစ္စရေးလူထုအပေါင်းတို့သည် သေတ္တာတော်ရှေ့တွင် မရေမတွက်နိုင်အောင်များပြားလှသော သိုးနွားတို့ကို ပူဇော်ကြ၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဆင်ဝင်ရှေ့တွင်တည်ထားသော ထာဝရဘုရား၏ယဇ်ပလ္လင်တော်ပေါ်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။
လက်ဘနွန်တောသည် မီးမွှေးရန်မလုံလောက်။ ထိုတောရှိတောရိုင်းတိရစ္ဆာန်တို့သည်လည်း မီးရှို့ရာယဇ်အတွက်မလုံလောက်။