ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
၂ ရာ 6:8 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ဩဇအား ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်မင်းကြီးသည် စိတ်ဆိုးလေ၏။ ထို့ကြောင့် ယနေ့တိုင် ထိုနေရာကို ပေရဩဇ ဟုခေါ်ဆိုလေ၏။ Common Language Bible ထို့ကြောင့်ထိုအရပ်ကိုပေရဇာသြဇ ဟုယနေ့တိုင်အောင်ခေါ်ဝေါ်သမုတ်ကြလေ သည်။ ထာဝရဘုရားသည်သြဇအားအမျက် တော်ထွက်၍ဒဏ်ခတ်တော်မူသောကြောင့်ဒါဝိဒ် သည်လွန်စွာစိတ်ဆိုးတော်မူ၏။ Garrad Bible သြ ဇ ကို ထာ ဝ ရ ဘု ရား ထို သို့ ခွင်း ဖောက် တော် မူ သော ကြောင့် ဒါ ဝိဒ် မင်း သည် စိတ် နာ၍ ထို အ ရပ် ကို ယ နေ့ တိုင် အောင် ပေ ရ ဇော ဇ အ မည် တွင် စေ သ တည်း။ Judson Bible ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့် တွင်သတည်း။ |
ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားကိုကြောက်ရွံ့သောကြောင့် “ထာဝရဘုရား၏သေတ္တာတော်သည် ငါ့ထံ မည်သို့ရောက်လာနိုင်မည်နည်း”ဟု တွေးတောလေ၏။
ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။