၂ ရာ 4:10 - မြန်မာ့စံမီသမ္မာကျမ်း လူတစ်ယောက်က ‘ကြည့်ပါ။ ရှောလုမင်းကြီးသေပြီ’ဟု ငါ့ထံ သတင်းလာပြော၏။ သူသည် သူ့ကိုယ်သူ သတင်းကောင်းယူလာသူဟု မြင်သော်လည်း ငါသည် သူ့ကိုဖမ်းပြီး ဇိကလတ်မြို့တွင် ကွပ်မျက်လိုက်၏။ ဤသည်မှာ ထိုသတင်းအတွက် သူ့ကို ငါပေးသောဆုလာဘ်ဖြစ်၏။ Common Language Bible ရှောလုကွယ်လွန်တော်မူကြောင်းဇိကလတ် မြို့တွင်ငါ့ထံသို့လာရောက်ပြောကြားသူ သည် မိမိယူဆောင်လာသောသတင်းကို သတင်းကောင်းဟုထင်မှတ်ခဲ့သည်။ သို့ရာ တွင်ငါသည်သူ့ကိုဖမ်းဆီး၍ကွပ်မျက် လိုက်၏။ ဤကားမိမိပေးသည့်သတင်း အတွက်ထိုသူရရှိသည့်ဆုလာဘ်ပင် ဖြစ်သည်။- Judson Bible အရင်တစ်ခါ လူတစ်ယောက်သည်လာ၍ ဝမ်းမြောက်စရာသတင်းကို ပြောမည်အကြံရှိလျက်၊ ရှောလုသေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသတင်းကိုပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍ သတ်၏။ |