ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
၂ ရာ 3:28 - မြန်မာ့စံမီသမ္မာကျမ်း နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။ Common Language Bible ဤသတင်းကိုဒါဝိဒ်ကြားသိတော်မူသော အခါ``အာဗနာအားလုပ်ကြံမှုတွင်ငါနှင့် ငါ၏ပြည်သူပြည်သားတို့သည် လုံးဝအပြစ် ကင်းကြကြောင်းထာဝရဘုရားသိတော်မူ ပါ၏။- Garrad Bible ထို အ ကြောင်း ဒါ ဝိဒ် မင်း ကြား သော် ငါ နှင့် တ ကွ တစ်နိုင် ငံ လုံး သည် နေ ရ သား အာ ဗ နာ့ အ သွေး ကို သွန်း ပြစ် နှင့် ထာ ဝ ရ ဘုရား ရှေ့ တော် တွင် အ စဉ် ကင်း လျက် ရှိ ပါ ၏။ Judson Bible ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ၊ နေရ၏သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရားရှေ့တော်၌ လွတ်ပါစေ။ ငါ့နိုင်ငံ လွတ်ပါစေ။ |
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
ရှောလုမင်းကြီး၏အရိုက်အရာကို လုယူ၍နန်းစံပြီး ရှောလုမင်းကြီး၏အိမ်သူအိမ်သားအား သတ်သောအပြစ်ကို ထာဝရဘုရားသည် သင့်အား ပြန်ပေးဆပ်စေပြီ။ နိုင်ငံတော်ကိုလည်း သင့်သားအဗရှလုံလက်သို့ ထာဝရဘုရားအပ်တော်မူပြီ။ သင်သည် လူသတ်သမားဖြစ်သောကြောင့် သင်ပြုသောမကောင်းမှုကို သင်ပြန်ခံရတော့မည်”ဟု ကျိန်ဆဲလေ၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ယွာဘနှင့် သူ့ဖခင်အိမ်သူအိမ်သားအားလုံးတို့၏ခေါင်းပေါ် ကျရောက်ပါစေ။ ယွာဘအမျိုးထဲတွင် အရိအရွဲထွက်သောသူ၊ အနာကြီးရောဂါစွဲသောသူ၊ ခါးချည့်သောသူ၊ ဓားဖြင့်သေရသူ၊ ငတ်မွတ်သောသူတို့ မပြတ်ပါစေနှင့်”ဟု မိန့်ဆိုလေ၏။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။