သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။
၂ ရာ 3:25 - မြန်မာ့စံမီသမ္မာကျမ်း နေရ၏သား အာဗနာအကြောင်းကို အရှင်သိပါ၏။ အရှင့်ကိုလှည့်စားရန်အတွက်၊ အရှင်ဝင်ထွက်သွားလာသမျှ၊ လုပ်ဆောင်သမျှတို့ကိုသိရှိရန်အတွက် ရောက်လာခြင်းသာဖြစ်၏”ဟု လျှောက်လေ၏။ Common Language Bible သူသည်အရှင့်အားလိမ်လည်လှည့်စား၍ အရှင် သွားလာလှုပ်ရှားမှုအလုံးစုံကိုစုံစမ်းရန် လာရောက်ခြင်းဖြစ်သည်ကိုအရှင်သိတော်မူ သည်မဟုတ်ပါလော'' ဟုလျှောက်၏။ Garrad Bible နေ ရ သား အာ ဗ နာ သည် စစ် ဝင် ခြင်း၊ စစ် ထွက် ခြင်း အ မှု နှင့် စီ မံ သ မျှ ကို သိ လို၍ ကိုယ် တော် အား လှည့် ဖြား ခြင်း ငှါ ရောက် လာ ကြောင်း ဘု ရင် မင်း သိ အပ် သည် ဟု တင် လျှောက် လေ ၏။ Judson Bible နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူခြင်းအလုံးစုံကို သိအံ့သောငှာသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊ |
သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။
သင်တို့၏စကားမှန်သည်၊ မမှန်သည်ကိုစစ်ဆေးရန် သင်တို့သည် အကျဉ်းချခံရမည်။ သို့သော် သင်တို့ထဲမှ တစ်ယောက်ကိုစေလွှတ်၍ သူသည် သင်တို့၏ညီကိုခေါ်ဆောင်လာပါစေ။ သို့မဟုတ်လျှင် သင်တို့သည် သူလျှိုများဖြစ်ကြသည်ဟု ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ ငါပြောသည်”ဟု သူတို့အား ဆိုပြီးလျှင်
ယောသပ်သည် သူတို့နှင့်ပတ်သက်၍ မြင်မက်ခဲ့သောအိပ်မက်ကို သတိရသဖြင့် သူတို့အား “သင်တို့သည် ဤပြည်၏အားနည်းချက်ကို စူးစမ်းရန်လာသောသူလျှိုများ ဖြစ်ကြ၏”ဟု ဆို၏။
အမ္မုန်အမျိုးသားအကြီးအကဲတို့က မိမိတို့၏အရှင်ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကိုရိုသေလေးစားသဖြင့် အရှင့်ထံနှစ်သိမ့်သူများကို စေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ မိမိ၏မင်းမှုထမ်းတို့ကို ဒါဝိဒ်မင်းကြီးစေလွှတ်လိုက်ခြင်းမှာ မြို့ကိုစူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသွား၍ “အရှင်မင်းကြီး မည်သို့ပြုဘိသနည်း။ အာဗနာသည် အရှင့်ထံလာပြီးမှ သူ့ကိုအဘယ်ကြောင့် ပြန်သွားခွင့်ပြုသနည်း။ ယခုမှာ သူလွတ်သွားပြီ။
ထို့နောက် ယွာဘသည် ဒါဝိဒ်မင်းကြီးထံမှထွက်သွားပြီး အာဗနာနောက်သို့တမန်တို့ကိုစေလွှတ်၍ သူတို့သည် သူ့အား သိရရေတွင်းနားမှ ပြန်ခေါ်လာကြ၏။ ထိုအမှုကို ဒါဝိဒ်မင်းကြီးမသိ။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။
လူထုပရိသတ်တို့ထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ လူအချို့တို့က “သူသည် သူတော်ကောင်းဖြစ်သည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကိုလှည့်ဖြားနေသည်”ဟု ဆိုကြ၏။
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။