၂ ရာ 3:20 - မြန်မာ့စံမီသမ္မာကျမ်း အာဗနာနှင့် သူ့လူအယောက်နှစ်ဆယ်တို့သည် ဒါဝိဒ်မင်းကြီးရှိရာဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် အာဗနာနှင့် သူ့လူတို့အတွက် စားသောက်ပွဲကျင်းပပေး၏။ Common Language Bible အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။- Garrad Bible လူ နှစ် ကျိပ် နှင့် တ ကွ အာ ဗ နာ ရောက် သော် ဒါ ဝိဒ် မင်း သည် အာ ဗ နာ နှင့် အ ပေါင်း ပါ တို့ အ ဖို့ စား သောက် ပွဲ ခင်း ကျင်း လေ၏။ Judson Bible လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်သဖြင့်၊ ဒါဝိဒ်သည်ပွဲလုပ်၍ အာဗနာနှင့် သူ၏လူတို့ကို ကျွေး၏။ |
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
အာဗနာသည် ဗင်္ယာမိန်အမျိုးအနွယ်တို့နှင့်လည်း တိုင်ပင်ပြောဆိုခဲ့၏။ ထို့နောက် အစ္စရေးလူမျိုးအပါအဝင် ဗင်္ယာမိန်တစ်မျိုးနွယ်လုံး၏ကောင်းသောထင်မြင်ချက်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား တင်ပြရန် ဒါဝိဒ်မင်းကြီးရှိရာဟေဗြုန်မြို့သို့ သွားလေ၏။
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။
နန်းစံတတိယနှစ်တွင် မင်းကြီးသည် မိမိ၏မှူးမတ်နှင့် မင်းမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲကိုကျင်းပလေ၏။ ပါးရှားပြည်နှင့် မေဒိပြည်မှစစ်သည်ဗိုလ်ပါများ၊ ပြည်တကာတို့မှ မင်းညီမင်းသားများနှင့် မှူးမတ်များလည်း သူနှင့်အတူ ပွဲခံကြ၏။
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။