သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘနှင့် စစ်သူကြီးတို့ကို လွှမ်းမိုးနိုင်သဖြင့် ယွာဘနှင့် စစ်သူကြီးတို့သည် အစ္စရေးလူမျိုးတို့ကို စာရင်းယူရန် ရှင်ဘုရင်ထံမှ ထွက်သွားကြလေ၏။
သို့သော်လည်းအရှင်မင်းကြီးသည်ယွာဘ နှင့်တပ်မှူးတို့အား မိမိ၏အမိန့်အတိုင်း လိုက်နာစေတော်မူ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့အားသန်းခေါင်စာရင်းကောက် ယူရန်အထံတော်မှထွက်သွားကြ၏။
ယွာ ဘ နှင့် ဗိုလ် များ အ ပေါ် တွင် အ မိန့် တော် လွှမ်း မိုး သ ဖြင့် ယွာ ဘ နှင့် ဗိုလ် များ တို့ ပါ ဣ သ ရေ လ လူ မျိုး ကို စာ ရင်း ကောက် ရန် အ ထံ တော် မှ ထွက် သွား ကြ ရာ
သို့သော်လည်း အမိန့်တော်သည် ယွာဘစကားနှင့် ဗိုလ်များစကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များတို့သည် လူတို့ကိုရေတွက်အံ့သောငှာ အထံတော်မှ ထွက်သွားကြ၏။
ယွာဘကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေသည်ကို အရှင်မင်းကြီး ကိုယ်တိုင်မြင်တွေ့ရပါစေသော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း”ဟု လျှောက်တင်၏။
သူတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်ဝှမ်းအလယ် အာရော်မြို့တောင်ဘက်တွင် စခန်းချကြပြီးနောက် ယာဇာမြို့သို့ဆက်သွားကြ၏။
သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘကိုလွှမ်းမိုးနိုင်သဖြင့် ယွာဘလည်း ထွက်သွား၍ အစ္စရေးပြည်တစ်ပြည်လုံးသို့ လှည့်လည်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
ရှင်ဘုရင်၏အမိန့်၌ အခွင့်အာဏာရှိ၏။ “သင်ဘာလုပ်နေသနည်း”ဟု သူ့ကိုမည်သူပြောနိုင်သနည်း။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။