ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
၂ ရာ 22:28 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောသူတို့ကိုကား နှိမ့်ချဖို့ စောင့်ကြည့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့အားကယ်တော် မူ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူ၏။ Garrad Bible ညှဉ်း ပန်း ခံ ရ သူ တို့ ကို ကယ် တော် မူ ပါ လိမ့် မည်။ မော် မောက် သူ တို့ ကို ကား မျက် မှောက် ပြု၍ နှိမ့် ချ တော် မူ ပါ လိမ့် မည်။ Judson Bible နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကိုကားရှုတ်ချခြင်းငှာ ကြည့်မှတ်တော်မူ၏။ |
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘဝင်မြင့်ခြင်းမရှိပါ။ မျက်နှာထောင်လွှားခြင်းလည်းမရှိပါ။ ကြီးမား၍ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်ရသောအမှုများနှင့် ပတ်သက်ခြင်းလည်းမရှိပါ။
အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။
ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍ နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
သူတို့သည် အစ္စရေးလူမျိုးတို့ကို ဖိနှိပ်ညှဉ်းဆဲသောအမှုအရာကြောင့် ထာဝရဘုရားသည် ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူကြောင်းကို ယခုငါသိပြီ”ဟု ဆို၏။
ဆိုးယုတ်သောသူတို့၏မီးခွက်တည်းဟူသော ထောင်လွှားသောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးတို့သည် အပြစ်ဖြစ်၏။
ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
လူသည် နှိမ့်ချခြင်းကိုခံရ၍ လူတိုင်း နိမ့်ကျကြရလိမ့်မည်။ မျက်နှာမောက်မာသောသူတို့သည် မာန်စွယ်ကျိုးကြရလိမ့်မည်။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
“စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။