ရှောလုမင်းကြီး၏လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့၏လက်မှလည်းကောင်း ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားကယ်နုတ်တော်မူသောနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားထံ ဤသို့ သီချင်းစပ်ဆိုခဲ့၏။
၂ ရာ 22:18 - မြန်မာ့စံမီသမ္မာကျမ်း ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူ ငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။ သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။ Garrad Bible အား ကြီး သော ရန် သူ တို့ လက် မှ လည်း ကောင်း၊ ငါ့ ထက် ခွန် အား ကြီး သော မုန်း ထား သူ တို့ လက် မှ လည်း ကောင်း၊ ငါ့ ကို ကယ် လွှတ် တော် မူ ၏။ Judson Bible ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ |
ရှောလုမင်းကြီး၏လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့၏လက်မှလည်းကောင်း ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားကယ်နုတ်တော်မူသောနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားထံ ဤသို့ သီချင်းစပ်ဆိုခဲ့၏။
ကိုယ်တော်သည် အထက်အရပ်မှလှမ်း၍ ငါ့ကိုဆွဲကိုင်တော်မူ၏။ ရေထုထဲမှလည်း ငါ့ကို ဆယ်ယူတော်မူ၏။
ငါဘေးဒုက္ခရောက်ချိန်တွင် သူတို့သည် ငါ့ကို တိုက်ခိုက်ကြသော်လည်း ထာဝရဘုရားသည် ငါ့ကို ထောက်မတော်မူ၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ရန်သူရှိသမျှတို့၏ပါးကိုရိုက်၍ ဆိုးယုတ်သောသူတို့၏သွားကို ချိုးတော်မူ၏။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
သို့ဖြစ်၍ ကိုယ်တော်ကို ငါခေါ်သောနေ့၌ ငါ၏ရန်သူတို့သည် နောက်ပြန်ဆုတ်ကြလိမ့်မည်။ ဤအမှုအားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ရှိတော်မူသည်ကို ငါသိ၏။
ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။