ထိုအမျိုးသမီးကလည်း “အရှင့်ကျွန်မသည် အကျွန်ုပ်သခင်အရှင်မင်းကြီးအား စကားတစ်ခွန်းကိုလျှောက်တင်ပါရစေ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “လျှောက်စေ”ဟု ခွင့်ပြု၏။
၂ ရာ 20:17 - မြန်မာ့စံမီသမ္မာကျမ်း သူ့အနီးသို့ ယွာဘရောက်လာသောအခါ ထိုမိန်းမက “သင်ကား ယွာဘလော”ဟု မေးလျှင် ယွာဘက “ဟုတ်ပါ၏”ဟု ဆို၏။ ထိုအခါ သူက “အရှင့်ကျွန်မ၏စကားကို နားထောင်ပါ”ဟုဆိုလျှင် ယွာဘက “နားထောင်နေပါ၏”ဟု ပြန်ပြော၏။ Common Language Bible ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။ ``ဟုတ်ပါသည်'' ဟုယွာဘဆိုလျှင်၊ ``အရှင်ကျွန်မ၏စကားကိုနားထောင် တော်မူပါ'' ဟုအမျိုးသမီးကပြော၏။ ``ယွာဘက`အကျွန်ုပ်နားထောင်နေပါသည်' ဟုဆိုသောအခါ၊ Garrad Bible ယွာ ဘ ချဉ်း လာ သော အ ခါ သင် သည် ယွာ ဘ လော ဟု ထို မိန်း မ မေး လျှင် ဟုတ်၏ ဟု ဆို သော်၊ ကျွန် တော် မ ၏ စ ကား ကို နား ထောင် တော် မူ ပါ ဟု လျှောက် ရာ နား ထောင် လျက် နေ သည် ဟု ပြန် ဆို လေ ၏။ Judson Bible ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည် ယွာဘဟုတ်သလောဟု မေးလျှင်၊ ငါဟုတ်သည်ဟု ဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနားထောင်လျက်နေသည်ဟု ဆိုသော်၊ |
ထိုအမျိုးသမီးကလည်း “အရှင့်ကျွန်မသည် အကျွန်ုပ်သခင်အရှင်မင်းကြီးအား စကားတစ်ခွန်းကိုလျှောက်တင်ပါရစေ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “လျှောက်စေ”ဟု ခွင့်ပြု၏။
ထိုအခါ အမြော်အမြင်ရှိသောမိန်းမတစ်ဦးက မြို့ထဲမှနေ၍ “နားထောင်ကြ၊ နားထောင်ကြ။ ယွာဘအား ‘သင်နှင့်စကားပြောနိုင်ဖို့ ဤနေရာသို့ လာပါ’ဟူ၍ ပြောလော့”ဟု ဟစ်အော်၏။
ထိုမိန်းမက “ရှေးယခင်ကပင် ‘အမှုကိစ္စပြီးလိုလျှင် အာဗေလမြို့တွင် သွားမေးကြ’ဟု ဆိုလေ့ရှိကြပါ၏။
အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။