အရှင်မင်းကြီး အဘယ်ကြောင့် ကျွန်တော်မျိုးအား ဤဆုလာဘ်ကို ပေးသနားတော်မူရပါမည်နည်း။ အရှင်မင်းကြီးနှင့်အတူ ဂျော်ဒန်မြစ်ကို အနည်းငယ် လိုက်ကူးပြီးလျှင်
ဤသို့ကြီးမြတ်သည့်ဆုလာဘ်တော်နှင့်လည်း မထိုက်မတန်ပါ။ သို့သော်အကျွန်ုပ်သည် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် အရှင် နှင့်အတူအနည်းငယ်လိုက်ပါမည်။-
ကျွန် တော် မျိုး သည် ဘု ရင် မင်း မြတ် နှင့် အ တူ ယော် ဒန် မြစ် ကူး ပြီး ရုံ သာ လိုက် ပါ ဦး မည်။ ထို မျှ လောက် ကြီး စွာ သော ဆု ကို အ ဘယ် ကြောင့် ဘု ရင် မင်း မြတ် ပေး တော် မူ ရ အံ့ နည်း။
ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ်ကြောင့် ချပေးတော်မူမည်နည်း။
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။
ကျွန်တော်မျိုး ပြန်သွားပါရစေ။ အကျွန်ုပ်၏မိဘတို့သင်္ချိုင်းရှိရာ အကျွန်ုပ်၏ဇာတိမြို့တွင်ပင် အကျွန်ုပ် သေပါရစေ။ အရှင့်အစေအပါး ခိမဟံ ရှိပါ၏။ သူ့ကို အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ တစ်ဖက်ကမ်းသို့ ခေါ်သွား၍ အလိုရှိသည့်အတိုင်း သူ့အတွက် ပြုပေးပါ”ဟု လျှောက်တင်လေ၏။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊
ပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။