ရှင်ဘုရင်က ဗာဇိလဲအား “ငါနှင့်အတူ တစ်ဖက်ကမ်းကို လိုက်ခဲ့ပါ။ ဂျေရုဆလင်မြို့တွင် သင့်ကို ငါ ကျွေးမွေးပြုစုမည်”ဟု ဆို၏။
၂ ရာ 19:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။ Common Language Bible သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။- Garrad Bible ဗာ ဇိ လဲ က၊ ဘု ရင် မင်း နှင့် အ တူ ယေ ရု ရှ လင် မြို့ တော် သို့ လိုက် နေ ရ မည် မှာ ကျွန် တော် အ သက် ကြီး လှ ပါ ပြီ။ Judson Bible ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင်မြို့သို့သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက် ကျန်ကြွင်းပါသေးသနည်း။ |
ရှင်ဘုရင်က ဗာဇိလဲအား “ငါနှင့်အတူ တစ်ဖက်ကမ်းကို လိုက်ခဲ့ပါ။ ဂျေရုဆလင်မြို့တွင် သင့်ကို ငါ ကျွေးမွေးပြုစုမည်”ဟု ဆို၏။
လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။
ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။