၂ ရာ 19:2 - မြန်မာ့စံမီသမ္မာကျမ်း “ရှင်ဘုရင်သည် သားတော်အဗရှလုံကြောင့် စိတ်ထိခိုက်နေရသည်”ဟူသောသတင်းကို စစ်သည်တို့ ကြားသိရလျှင် ထိုနေ့၌ရသောအောင်မြင်ခြင်းသည် သူတို့အတွက် ဝမ်းနည်းခြင်းဖြစ်ရလေ၏။ Common Language Bible မင်းကြီးသည်သားတော်အတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်းကြားသိရသော အခါ ဒါဝိဒ်၏တပ်သားအပေါင်းတို့အဖို့ ထိုနေ့၌အောင်ပွဲသည်ဝမ်းနည်းပူဆွေးပွဲ ဖြစ်ရလေ၏။- Garrad Bible သား တော့် အ တွက် ဘု ရင် မင်း စိတ် ကြေ ကွဲ တော် မူ သည် ဟု တပ် တော် သား တို့ ကြား ကြ လျှင် လည်း ကောင်း၊ ထို နေ့ ပင် တစ် တပ် လုံး အောင် ပွဲ ခံ ရ မည့် အ စား၊ မြည် တမ်း မှု ကို ပြု ရ ကြ သ ဖြင့်၊ Judson Bible ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်နာကျင်တော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ကြား၍၊ |
“ရှင်ဘုရင်သည် အဗရှလုံအတွက်ကြောင့် ငိုကြွေးမြည်တမ်းနေရပါပြီ”ဟု ယွာဘထံ သတင်းရောက်လာ၏။
စစ်ပွဲမှထွက်ပြေးပြီး အရှက်ကွဲရသူတို့ ပုန်းလျှိုးကွယ်လျှိုးပြန်လာရသကဲ့သို့ ထိုနေ့တွင် စစ်သည်တို့သည် မြို့ထဲသို့ ပုန်းလျှိုးကွယ်လျှိုးဝင်လာကြ၏။
ရှင်ဘုရင်၏မျက်နှာတော်ကြည်လင်တောက်ပရာ၌ အသက်ရှင်ခြင်းရှိ၏။ သူ၏ကျေးဇူးပြုခြင်းသည် နွေဦးမိုးကိုရွာစေသည့် တိမ်တိုက်ကဲ့သို့ဖြစ်၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။