ဟုရှဲက အဗရှလုံအား “မလိုက်ပါ။ ထာဝရဘုရားနှင့် ဤလူများ ရွေးချယ်သောသူ၊ အစ္စရေးအမျိုးသားအပေါင်းတို့ ရွေးချယ်သောသူဘက်၌သာ ငါနေမည်။ သူ့အတွက်သာ အစေခံမည်။
၂ ရာ 16:17 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံက ဟုရှဲအား “သင့်မိတ်ဆွေကို မေတ္တာထားသည်ဆိုသည်မှာ ဤသို့လော။ အဘယ်ကြောင့် သင့်မိတ်ဆွေနှင့်အတူ မလိုက်သနည်း”ဟု မေးလျှင် Common Language Bible အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။ Garrad Bible အ ဗ ရှ လုံ က၊ သင့် အ ဆွေ ခင် ပွန်း အား ပြု သော မေ တ္တာ ကျေး ဇူး ကား၊ ထို သို့ ပင် လော။ အ ဆွေ ခင် ပွန်း နောက် သို့ မ လိုက် သည် မှာ မည် သို့ နည်း ဟု ဆို လျှင် Judson Bible အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊ |
ဟုရှဲက အဗရှလုံအား “မလိုက်ပါ။ ထာဝရဘုရားနှင့် ဤလူများ ရွေးချယ်သောသူ၊ အစ္စရေးအမျိုးသားအပေါင်းတို့ ရွေးချယ်သောသူဘက်၌သာ ငါနေမည်။ သူ့အတွက်သာ အစေခံမည်။
ဤသို့ သူသည် ရှင်ဘုရင်ကို ကြိုဆိုရန် ဂျေရုဆလင်မြို့သို့ရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မေဖိဗောရှက်၊ အဘယ်ကြောင့် သင်သည် ငါနှင့် မလိုက်ခဲ့သနည်း”ဟု မေးလျှင်
မိတ်ဆွေသည် အစဉ်အမြဲ ချစ်ခင်တတ်၏။ ညီအစ်ကိုသည်လည်း ဆင်းရဲဒုက္ခရောက်ချိန်အတွက် မွေးဖွားလာ၏။
အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
အို မိုက်မဲသောလူမျိုး၊ ပညာမဲ့သောလူမျိုး၊ ဤနည်းဖြင့် ထာဝရဘုရားကို ကျေးဇူးဆပ်ရသလော။ ကိုယ်တော်သည် သင်၏ဖခင်၊ သင့်ကိုဖန်ဆင်းသောအရှင် ဖြစ်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သင့်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေတော်မူသည်မဟုတ်လော။