ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိလူတို့နှင့်အတူ ခရီးဆက်စဉ် ရှိမိသည်လည်း တစ်ဖက်တောင်စောင်းတစ်လျှောက်မှ လိုက်လာရင်း ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲ၏၊ ခဲနှင့် ပေါက်၏၊ မြေမှုန့်နှင့်လည်း ပက်၏။
၂ ရာ 16:14 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် မောပန်းလာသဖြင့် တစ်နေရာတွင် အပန်းဖြေရပ်နားကြ၏။ Common Language Bible မင်းကြီးနှင့်အတူသူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်သို့ရောက်သောအခါ နွမ်းနယ်ကြ သဖြင့်ထိုအရပ်တွင်အပန်းဖြေကြ၏။ Garrad Bible ဘု ရင် မင်း နှင့် နောက် တော် ပါ အ ပေါင်း တို့ လည်း မော ပန်း စွာ စား ခန်း သို့ ရောက် လျှင် အ ပန်း ဖြေ ကြ ကုန် ၏။ Judson Bible ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိလူတို့နှင့်အတူ ခရီးဆက်စဉ် ရှိမိသည်လည်း တစ်ဖက်တောင်စောင်းတစ်လျှောက်မှ လိုက်လာရင်း ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲ၏၊ ခဲနှင့် ပေါက်၏၊ မြေမှုန့်နှင့်လည်း ပက်၏။
အဗရှလုံနှင့် အစ္စရေးအမျိုးသားလူထုတစ်ရပ်လုံးသည် ဂျေရုဆလင်မြို့သို့ရောက်လာကြပြီး သူနှင့်အတူ အဟိသောဖေလလည်းပါလာ၏။
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။