ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
၂ ရာ 16:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိလူတို့နှင့်အတူ ခရီးဆက်စဉ် ရှိမိသည်လည်း တစ်ဖက်တောင်စောင်းတစ်လျှောက်မှ လိုက်လာရင်း ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲ၏၊ ခဲနှင့် ပေါက်၏၊ မြေမှုန့်နှင့်လည်း ပက်၏။ Common Language Bible ထိုနောက်ဒါဝိဒ်နှင့်နောက်တော်လိုက်သူတို့ သည်ဆက်လက်၍ခရီးပြုကြ၏။ ရှိမိသည် တောင်ခါးပန်းတစ်လျှောက်လိုက်၍ကျိန်ဆဲ ကာကျောက်ခဲများဖြင့်ပေါက်၏။ မြေမှုန့် များနှင့်လည်းပက်၏။- Garrad Bible ဒါ ဝိဒ် မင်း သည် နောက် တော် ပါ တို့ နှင့် ချီ မြဲ ချီ စဉ် ရှိ မိ လည်း ခဲ မြေ စိုင် ဖြင့် ပစ် ခတ် လျက် ဆဲ ဆို လျက် တောင် နံ ရံ တွင် ယှဉ် ပြိုင် လျှောက် လိုက် လေ ၏။ Judson Bible ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တစ်ဖက်တစ်ချက်၊ တောင်ခါးပန်းနားမှာ လျှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့်ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။ |
ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် မောပန်းလာသဖြင့် တစ်နေရာတွင် အပန်းဖြေရပ်နားကြ၏။
လူတို့သည် ထိုသို့အော်ဟစ်လျက် အဝတ်များကိုဝှေ့ယမ်းကာ မြေမှုန့်ကို လေထဲသို့ပစ်လွှင့်ကြစဉ်
ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။