ထိုအခါ ဒါဝိဒ်မင်းကြီးက အိတ္တဲအား “သို့ဖြစ်လျှင်လည်း သွား၍ဖြတ်ကူးလော့”ဟု မိန့်ဆိုလျှင် ဂိတ္တိလူမျိုး အိတ္တဲမှစ၍ သူနှင့်အတူပါလာသော လူအကြီးအငယ်အားလုံးလည်း ဖြတ်ကူးလေ၏။
ဒါဝိဒ်က``ကောင်းပြီ။ ဆက်လက်ချီသွားလော့'' ဟု မိန့်တော်မူသဖြင့် အိတ္တဲသည်မိမိ၏လူစုနှင့် တကွသူတို့အားမှီခိုသူများကိုခေါ် သွား၏။-
ဒါ ဝိဒ် မင်း က၊ သို့ ဖြစ် လျှင် ကူး ချီ လော့ ဟု မိန့် ဆို သည့် အ တိုင်း ဂါ သ မြို့ သား အိ တ္တဲ သည် အ ပေါင်း ပါ တို့ နှင့် သူ ငယ် တို့ ပါ ကူး ချီ လေ ၏။
ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ်အပေါင်းတို့နှင့်တကွ ချီသွားလေ၏။
ထိုအခါ အိတ္တဲက ရှင်ဘုရင်အား “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အကျွန်ုပ်၏သခင် အရှင်မင်းကြီးလည်း အသက်ရှင်တော်မူသည်နှင့်အညီ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အကျွန်ုပ်၏သခင် အရှင်မင်းကြီးရှိတော်မူရာအရပ်၌ ကျွန်တော်မျိုး ရှိပါမည်”ဟု ပြန်လျှောက်၏။
လူအပေါင်းတို့ ဖြတ်ကူးသွားကြသောအခါ ပြည်သူပြည်သားအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြ၏။ ရှင်ဘုရင်သည် ကေဒြုန်ချောင်းကို ဖြတ်ကူးသဖြင့် လူအပေါင်းတို့သည်လည်း ဖြတ်ကူး၍ ကန္တာရလမ်းအတိုင်း သွားကြ၏။