ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “သင့်အိမ်သို့ပြန်ပါ။ သင့်အမှုအတွက် ငါစီရင်မည်”ဟု မိန့်ဆို၏။
မင်းကြီးက``ဤအမှုကိုငါဆောင်ရွက်ပေး မည်။ သင်အိမ်သို့ပြန်လော့'' ဟုဆိုလျှင်၊
ဘု ရင် မင်း က၊ အိမ် သို့ ပြန် လော့။ သင့် အ မှု ကို ရည်၍ ငါ အ မိန့် ထုတ် ဆင့် မည် ဟု ဆို ရာ
ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအားမိန့်တော်မူ၏။
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။
တေကောမြို့သူ ထိုအမျိုးသမီးကလည်း ရှင်ဘုရင်အား “အကျွန်ုပ်သခင်အရှင်မင်းကြီး၊ အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏မိသားစု၌သာ အပြစ်ရောက်ပါစေသော။ ရှင်ဘုရင်နှင့် သူ၏ရာဇပလ္လင်မူကား အပြစ်ကင်းပါစေသော”ဟု လျှောက်၏။
ထိုအခါ ရှင်ဘုရင်က ဇိဘအား “မေဖိဗောရှက်၌ ရှိသမျှသည် သင့်အဖို့ဖြစ်၏”ဟု မိန့်ဆိုလျှင် ဇိဘက “အကျွန်ုပ် ဦးညွှတ်ပါ၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ရှေ့တော်မှောက်တွင် မျက်နှာသာရပါစေသော”ဟု ပြန်လျှောက်၏။
နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။