အဗရှလုံသည် ဂျေရုဆလင်မြို့တွင်နေထိုင်သောနှစ်နှစ်တာကာလအတွင်း ရှင်ဘုရင်၏မျက်နှာတော်ကိုဖူးမြင်ခွင့်မရ။
အဗရှလုံသည်မင်းကြီး၏ရှေ့တော်သို့မဝင် ရဘဲ ယေရုရှလင်မြို့တွင်နှစ်နှစ်ပတ်လုံးနေ ထိုင်လေသည်။-
အ ဗ ရှ လုံ သည် နှစ် နှစ် တိုင် တိုင် ဘု ရင် မင်း၏ မျက် နှာ တော် ကို ဖူး ခွင့် မ ရ ဘဲ ယေ ရု ရှ လင် မြို့ တွင် နေ ပြီး မှ ဘု ရင် မင်း ထံ သွင်း စေ ရန် ယွာ ဘ ကို ခေါ် သော်
အဗရှလုံသည် ရှင်ဘုရင်၏မျက်နှာတော်ကိုမမြင်ရဘဲ နှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌နေပြီးမှ၊
ယာကုပ်ကလည်း “မဟုတ်ပါ။ အကျွန်ုပ်သည် သခင့်ရှေ့၌ မျက်နှာရပါလျှင် အကျွန်ုပ်ပေးသောလက်ဆောင်ကို လက်ခံပါလော့။ အကယ်စင်စစ် သခင်၏မျက်နှာကို အကျွန်ုပ်ဖူးမြင်ရသည်မှာ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ဖြစ်ပါ၏။ သခင်သည်လည်း အကျွန်ုပ်ကို ကြည်ဖြူစွာလက်ခံပါပြီ။
ယုဒကလည်း “ထိုသူက ‘သင်တို့နှင့်အတူ သင်တို့ညီ မပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့ကို အသေအချာသတိပေးထားပါ၏။
သို့သော် ရှင်ဘုရင်က “သူသည် သူ့နန်းဆောင်သို့သာသွားရမည်။ ငါ့မျက်နှာကိုလာမဖူးမြော်စေနှင့်”ဟု မိန့်ဆိုသဖြင့် အဗရှလုံသည် ရှင်ဘုရင်မျက်နှာတော်ကိုမဖူးမြော်ရဘဲ မိမိနန်းဆောင်သို့ပြန်သွား၏။
တစ်နေ့တွင် အဗရှလုံသည် ယွာဘကို ရှင်ဘုရင်ထံစေလွှတ်လို၍ အခေါ်လွှတ်သော်လည်း ယွာဘမလာ။ ဒုတိယအကြိမ်အခေါ်လွှတ်ပြန်သော်လည်း မလာ။
ထို့နောက် ရှောလမုန်မင်းကြီးသည် လူလွှတ်၍ သူ့ကို ယဇ်ပလ္လင်ထက်မှ ဆင်းစေ၏။ သူသည် ရှောလမုန်မင်းကြီးထံလာ၍ပျပ်ဝပ်လျှင် ရှောလမုန်မင်းကြီးက သူ့အား “သင့်နန်းဆောင်သို့ ပြန်လော့”ဟု မိန့်ဆို၏။
ထို့နောက် ရှင်ဘုရင်သည် ရှိမိကို လူလွှတ်၍ခေါ်စေပြီး “ဂျေရုဆလင်မြို့ထဲတွင် အိမ်ဆောက်၍နေလော့။ ထိုမြို့မှလွဲ၍ မည်သည့်အရပ်သို့မျှ မသွားနှင့်။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။