ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
၂ ရာ 14:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးကလည်း “အရှင့်ကျွန်မသည် အကျွန်ုပ်သခင်အရှင်မင်းကြီးအား စကားတစ်ခွန်းကိုလျှောက်တင်ပါရစေ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “လျှောက်စေ”ဟု ခွင့်ပြု၏။ Common Language Bible အမျိုးသမီးက``အရှင်မင်းကြီးကျွန်တော် မအားစကားတစ်ခွန်းထပ်မံလျှောက်ထား ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်သောအခါ၊ မင်းကြီးက``လျှောက်လော့'' ဟုဆို၏။ Garrad Bible မိန်း မ က လည်း၊ အ ရှင် မင်း မြတ် ထံ ကျွန် တော် မျိုး မ သံ တော် ဦး တင် ပါ ရ စေ ဦး ဟု ခွင့် ပန် လျှင် လျှောက် လော့ ဟု မိန့် ဆို ရာ Judson Bible တစ်ဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတစ်ခွန်းလျှောက်ရသောအခွင့်ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။ |
ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ နောက်တစ်ကြိမ်သာ အကျွန်ုပ်လျှောက်ထားပါရစေ။ ထိုအရပ်တွင် ဆယ်ယောက် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုဆယ်ယောက်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။
သူ့အနီးသို့ ယွာဘရောက်လာသောအခါ ထိုမိန်းမက “သင်ကား ယွာဘလော”ဟု မေးလျှင် ယွာဘက “ဟုတ်ပါ၏”ဟု ဆို၏။ ထိုအခါ သူက “အရှင့်ကျွန်မ၏စကားကို နားထောင်ပါ”ဟုဆိုလျှင် ယွာဘက “နားထောင်နေပါ၏”ဟု ပြန်ပြော၏။
“မယ်တော်အား လျှောက်တင်စရာစကား ရှိပါ၏”ဟုဆိုလျှင် ဗာသရှေဘက “လျှောက်တင်ပါ”ဟု ဆို၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ထိုအခါ အဂြိပ္ပမင်းကြီးသည် ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောဆိုနိုင်ပြီ”ဟု အမိန့်ရှိသဖြင့် ပေါလုသည် လက်ကိုဆန့်၍
အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။