သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
၂ ရာ 13:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောနဒပ်က သူ့အား “သင်နေမကောင်းယောင်ဆောင်ပြီး အိပ်ရာထဲလှဲနေလိုက်ပါ။ သင့်ခမည်းတော် သင့်ကိုလာကြည့်လျှင် ‘အကျွန်ုပ်ကို ပြုစုကျွေးမွေးဖို့ အကျွန်ုပ်၏နှမတာမာကို လွှတ်ပေးပါ။ အကျွန်ုပ်ရှေ့တွင် အစားအစာပြင်ဆင်ပေးသည်ကို ကြည့်ပြီး သူ့လက်နှင့် ခွံ့ကျွေးသည်ကို စားလိုပါ၏’ဟူ၍ လျှောက်လော့”ဟု အကြံပေးလေ၏။ Common Language Bible ယောနဒပ်က``သင်သည်ဖျားနာဟန်ပြု၍ အိပ်ရာပေါ်တွင်နေလော့။ သင့်ခမည်းတော် လာ၍ကြည့်သောအခါ`နှမတော်တာမာ အားအကျွန်ုပ်ထံသို့စေလွှတ်၍ အကျွန်ုပ် အားအစားအစာကျွေးစေတော်မူပါ။ အကျွန်ုပ်ရှေ့တွင်သူချက်၍ သူ့လက်ဖြင့် ကျွေးသောအစားအစာကိုစားလိုပါ သည်' ဟုလျှောက်ထားလော့'' ဟုအကြံ ပေး၏။- Garrad Bible ယော န ဒပ် က၊ နာ ဟန် ဆောင် လျက် သ လွန် ပေါ် မှာ လျောင်း နေ လော့။ ခ မည်း တော် အ ကြည့် အ ရှု ကြွ လာ သော အ ခါ မင်း သား က၊ နှ မ တော် တာ မာ ကို စေ လွှတ် တော် မူ၍ ကျွန် တော့် ရှေ့ တွင် သူ ချက် သည် ကို မြင် လျက် သူ့ လက် ဖြင့် ကျွေး သော အာ ဟာ ရ ကို စား ရ ပါ မည့် အ ကြောင်း အ ခွင့် တောင်း လော့ ဟု အ ကြံ ပေး သည့် အ လျောက် Judson Bible ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည်မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည်အတိုင်း၊ |
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
ထို့ကြောင့် အာမနုန်သည် နေမကောင်းယောင်ဆောင်ပြီး လှဲနေလေ၏။ ရှင်ဘုရင်လာကြည့်သောအခါ အာမနုန်က ရှင်ဘုရင်အား “အကျွန်ုပ်၏နှမ တာမာကို လွှတ်ပေးပြီး အကျွန်ုပ်ရှေ့တွင် မုန့်နှစ်ပြားကိုလုပ်ပေးစေပါ။ သူ့လက်နှင့် ခွံ့ကျွေးသည်ကို အကျွန်ုပ်စားလိုပါ၏”ဟု လျှောက်လျှင်
အဟိသောဖေလက အဗရှလုံအား “နန်းတော်ကိုစောင့်ရှောက်ရန် အရှင့်ခမည်းတော်ချန်ထားခဲ့သော မောင်းမတို့ထံ ဝင်ပါ။ ဤသို့ အရှင်သည် ခမည်းတော်စက်ဆုပ်ရွံရှာအောင်ပြုကြောင်းကို အစ္စရေးလူတစ်မျိုးနွယ်လုံးကြားသိလျှင် အရှင့်ဘက်သားအားလုံး အားတက်လာလိမ့်မည်”ဟု လျှောက်တင်၏။
ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင် အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။
သို့ဖြစ်၍ ယခု အရှင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍တိကျစွာစစ်ဆေးလိုဟန်ပြုလျက် သူ့ကို အရှင်တို့ထံသို့ခေါ်ဆောင်လာရန်တပ်မှူးကြီးအား လျှောက်ထားကြပါ။ အကျွန်ုပ်တို့သည် ဤနေရာသို့ သူမရောက်လာမီ သူ့ကိုသတ်ရန် အသင့်ရှိနေပါမည်”ဟု ပြောကြားကြ၏။