ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
၂ ရာ 13:30 - မြန်မာ့စံမီသမ္မာကျမ်း သူတို့လမ်း၌ရှိနေသေးစဉ် “အဗရှလုံသည် ရှင်ဘုရင်၏သားတော်အားလုံးကို သုတ်သင်ပစ်လေပြီ။ တစ်ယောက်မျှ မကျန်ပါ”ဟု ဒါဝိဒ်မင်းကြီးထံ သတင်းရောက်လာ၏။ Common Language Bible သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။- Garrad Bible မင်း သား အ ပေါင်း တို့ ကို တစ် ပါး မ ချန်၊ အ ဗ ရှ လုံ သတ် ပြီ ဟု ဒါ ဝိဒ် မင်း ကြား သော်၊ Judson Bible သူတို့မရောက်မီ အခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တစ်ယောက်မျှ မကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။ |
ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
ရှင်ဘုရင်သည် ထ၍ မိမိအဝတ်ကိုဆုတ်လျက် မြေပေါ်မှာလှဲလေ၏။ သူ့ထံခစားသော မင်းမှုထမ်းအပေါင်းတို့သည်လည်း ကိုယ့်အဝတ်ကိုယ်ဆုတ်ပစ်ကြလေ၏။
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။