အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
၂ ရာ 13:27 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အဗရှလုံက မရမကတောင်းဆိုသဖြင့် ရှင်ဘုရင်သည် အာမနုန်နှင့်တကွ ရှင်ဘုရင်၏သားတော်အားလုံးကိုသွားစေလေ၏။ Common Language Bible သို့သော်လည်းအဗရှလုံသည်မရမကဆက် လက်ပူဆာနေသဖြင့် နောက်ဆုံး၌ဒါဝိဒ်သည် အာမနုန်နှင့်အခြားသားတော်အားလုံးကို သွားခွင့်ပြုတော်မူ၏။ Garrad Bible အ ဗ ရှ လုံ နှိုး ဆော် တောင်း ပန် သည့် အ တိုင်း အာ မ နုန် မှ စ၍ မင်း သား အ ပေါင်း တို့ ကို စေ လွှတ် လေ ၏။ Judson Bible အဗရှလုံပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။ |
အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။