ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် စစ်သည်အားလုံးကို စုပြီး ရဗ္ဗာမြို့သို့ ချီတက်၍ တိုက်ခိုက်သိမ်းပိုက်လေ၏။
၂ ရာ 12:30 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူတို့ဘုရင်၏ဦးခေါင်းမှ အဖိုးတန်ကျောက်များနှင့်တကွ ရွှေတစ်တာလန်အလေးချိန်ရှိသောသရဖူကို ယူလေ၏။ ထိုသရဖူကို ဒါဝိဒ်မင်းကြီး၏ဦးခေါင်းတွင် ဆောင်းပေးကြ၏။ ထိုမြို့မှတိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူရရှိလေ၏။ Common Language Bible မင်းကြီးသည်မိလကုံနတ်ဘုရားရုပ်တု၏ ဦးခေါင်းမှရွှေသရဖူကိုယူ၍ဆောင်းတော် မူ၏။ ထိုသရဖူကားအလေးချိန်ခွက်တစ် ဆယ်ရှိ၍အဖိုးထိုက်သည့်ကျောက်မျက်တစ် လုံးတပ်ဆင်ထား၏။ မင်းကြီးသည်ကျောက် မျက်ကိုချွတ်၍မိမိသရဖူတွင်တပ်ဆင်၏။ မင်းကြီးသည်ထိုမြို့မှတိုက်ရာပါပစ္စည်း အမြောက်အမြားကိုလည်းသိမ်းယူတော် မူ၏။- Garrad Bible မိ လ ကုံ ဘု ရား ရုပ် ဦး ခေါင်း မှ ချွတ် ယူ၍ ချယ် လယ် သော ကျောက် မျက် ကို ကိုယ့် ဦး ခေါင်း တော် မှာ ဆင် ယင် လျက် အ လွန် များ ပြား သော ဥစ္စာ ပ စ္စည်း ကို လည်း လု ယူ လေ၏။ Judson Bible မင်းကြီး၏သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ် ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ |
ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် စစ်သည်အားလုံးကို စုပြီး ရဗ္ဗာမြို့သို့ ချီတက်၍ တိုက်ခိုက်သိမ်းပိုက်လေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူတို့ဘုရင်၏ဦးခေါင်းမှ အဖိုးတန်ကျောက်များနှင့်တကွ ရွှေတစ်တာလန်အလေးချိန်ရှိသောသရဖူကို ယူလေ၏။ ထိုသရဖူကို ဒါဝိဒ်မင်းကြီး၏ဦးခေါင်းတွင် ဆောင်းပေးကြ၏။ ထိုမြို့မှတိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူရရှိလေ၏။
အကြောင်းမူကား ကိုယ်တော်သည် ကြွယ်ဝသောကောင်းချီးမင်္ဂလာများဖြင့် သူ့ကိုကြိုဆိုလျက် သူ၏ဦးခေါင်းပေါ်တွင် ရွှေစင်သရဖူကိုတင်တော်မူ၏။
ရွှေငွေတို့ကိုယူ၍ သရဖူပြုလုပ်ပြီး ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏ခေါင်းပေါ်တွင် ဆောင်းပေးလော့။