“ဥရိယသည် သူ့အိမ်သို့မပြန်ပါ”ဟူသောသတင်းကို ဒါဝိဒ်မင်းကြီးကြားသိ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက ဥရိယအား “သင်သည် ခရီးဝေးကပြန်လာရသည်မဟုတ်လော။ အဘယ်ကြောင့် သင့်အိမ်သို့မပြန်သနည်း”ဟု မေး၏။
၂ ရာ 11:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။ Common Language Bible သို့ရာတွင်ဥရိယသည်အိမ်သို့မပြန်ဘဲ အစောင့်တပ်သားများနှင့်အတူနန်းတော် တံခါးဝ၌အိပ်လေသည်။- Garrad Bible နန်း တော် တံ ခါး အ နီး ကိုယ့် အ ရှင့် ကျွန် အ ပေါင်း တို့ နှင့် အ တူ အိပ် နေ လေ၏။ Judson Bible သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။ |
“ဥရိယသည် သူ့အိမ်သို့မပြန်ပါ”ဟူသောသတင်းကို ဒါဝိဒ်မင်းကြီးကြားသိ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက ဥရိယအား “သင်သည် ခရီးဝေးကပြန်လာရသည်မဟုတ်လော။ အဘယ်ကြောင့် သင့်အိမ်သို့မပြန်သနည်း”ဟု မေး၏။
နောက်မှ ဒါဝိဒ်မင်းကြီးသည် သူ့ကို စားသောက်ပွဲသို့ ဖိတ်ပြီး မူးအောင် သောက်စေ၏။ သို့သော် နေဝင်ချိန်တွင် သူသည် အိမ်သို့မပြန်ဘဲ သူ့သခင်၏အစေအပါးများနှင့်အတူ သွားအိပ်လေ၏။
ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။