“သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။
၂ ရာ 11:7 - မြန်မာ့စံမီသမ္မာကျမ်း ဥရိယရောက်လာသောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့် စစ်သည်တို့၏အခြေအနေ၊ စစ်ပွဲအခြေအနေ တို့ကို မေးမြန်း၏။ Common Language Bible ဥရိယရောက်ရှိလာသောအခါဒါဝိဒ်သည် ယွာဘ နှင့်စစ်သည်တော်များ၏ကျန်းမာရေးနှင့်စစ်ပွဲ အခြေအနေကိုစုံစမ်းမေးမြန်းတော်မူ၏။- Garrad Bible ဥရိ ယ ရောက် လျှင် ဒါ ဝိဒ် မင်း က ယွာ ဘ မှ စ သော ဗိုလ် ထု တို့ အ ဖြစ် အ နေ နှင့် စစ် အ ရေး အ ရာ များ ကို မေး မြန်း ပြီး မှ Judson Bible ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟု မေးမြန်းပြီးမှ၊ |
“သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘထံသို့ လူလွှတ်၍ “ဟိတ္တိလူမျိုး ဥရိယကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆိုသဖြင့် ယွာဘသည် ဥရိယကို ဒါဝိဒ်မင်းကြီးထံ လွှတ်လိုက်လေ၏။
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
ဒါဝိဒ်သည် သူနှင့်အတူပါလာသောပစ္စည်းများကို ပစ္စည်းထိန်းလက်၌ အပ်ထားခဲ့ပြီး စစ်မြေပြင်သို့ပြေးသွားကာ အစ်ကိုတို့ကို သွား၍တွေ့ဆုံနှုတ်ဆက်၏။