မြို့ထဲမှစစ်သည်တို့ ထွက်လာပြီး ယွာဘနှင့် တိုက်ခိုက်သောအခါ ဒါဝိဒ်မင်းကြီး၏စစ်မှုထမ်းထဲမှ စစ်သည်အချို့ ကျဆုံးကြ၏။ ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးလေ၏။
၂ ရာ 11:21 - မြန်မာ့စံမီသမ္မာကျမ်း ယေရုဗေရှက်၏သား အဘိမလက်ကို မည်သူသတ်သနည်း။ သေဗက်မြို့တွင် မိန်းမတစ်ယောက်မြို့ရိုးပေါ်မှနေ၍ကြိတ်ဆုံကျောက်ကို ပစ်ချသဖြင့် သူသေခဲ့သည်မဟုတ်လော။ သင်တို့ အဘယ်ကြောင့် မြို့ရိုးနားသို့ ကပ်သွားရသနည်း’ဟု ဆိုလျှင် ‘အရှင့်အစေအပါး ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပြီ’ဟူ၍ လျှောက်တင်လော့”ဟု ညွှန်ကြားလိုက်၏။ Common Language Bible ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။ Garrad Bible ယေ ရု ဗ္ဗေ ရှက် သား အ ဘိ မ လက် ကို လုပ် ကြံ သူ ကား မည် သူ နည်း။ မိန်း မ တစ် ယောက် သည် ကျောက် ကျည် ပွေ့ နှင့် မြို့ ရိုး ပေါ် မှ ပစ် ချ သ ဖြင့် သေ ဗက် မြို့ ပြင် တွင် သေ ရ သည် မ ဟုတ် လော။ မြို့ ရိုး အ နီး သို့ အ ဘယ် ကြောင့် ချဉ်း ကပ် ကြ သ နည်း ဟု အ မျက် ထွက်၍ မိန့် တော် မူ လျှင် သင် က၊ ကိုယ် တော့် ကျွန် ဟိ တ္တိ လူ မျိုး ဥရိ ယ သေ ပါ ပြီ ဟူ၍ တင် လျှောက် လော့ ဟု မှာ လိုက် သည့် အ တိုင်း Judson Bible ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမလက်သေသည် မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ကျွန် ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရမည်ဟု မှာထား၍ စေလွှတ်လေ၏။ |
မြို့ထဲမှစစ်သည်တို့ ထွက်လာပြီး ယွာဘနှင့် တိုက်ခိုက်သောအခါ ဒါဝိဒ်မင်းကြီး၏စစ်မှုထမ်းထဲမှ စစ်သည်အချို့ ကျဆုံးကြ၏။ ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးလေ၏။
အကယ်၍ ရှင်ဘုရင်အမျက်ထွက်ပြီး သင့်အား ‘သင်တို့ အဘယ်ကြောင့် မြို့နားကပ်ပြီး တိုက်ခိုက်ကြသနည်း။ မြို့ရိုးပေါ်မှနေ၍ သူတို့ပစ်ခတ်နိုင်သည်ကို မသိကြသလော။
တမန်သည်လည်း ထွက်လာ၍ ဒါဝိဒ်မင်းကြီးထံသို့ရောက်သောအခါ ယွာဘမှာလိုက်သမျှအတိုင်း ကြားလျှောက်လေ၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
သင့်လက်ကိုမချုပ်နှောင်၊ သင့်ခြေကို ခြေချင်းမခတ်ဘဲ ကောက်ကျစ်သောသူ၏လက်ချက်ဖြင့် သင်သေရပါပြီတကား”ဟု ဆိုသဖြင့် လူအပေါင်းတို့သည် ထပ်မံငိုကြွေးကြပြန်၏။
အကျွန်ုပ်ကျူးလွန်သောအပြစ်ရှိသမျှတို့မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို မိုက်မဲသောသူ၏ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေတော်မမူပါနှင့်။
ထိုသူအပေါင်းတို့က “သင်သည်လည်း ငါတို့ကဲ့သို့အားနည်းပါသည်တကား၊ ငါတို့နှင့်တူပါပြီတကား”ဟု တုံ့ပြန်ပြောဆိုကြလိမ့်မည်။
ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။