အစ္စရေးလူမျိုးတို့ကို မိမိတို့ရှုံးနိမ့်ကြောင်း ဆီးရီးယားလူမျိုးတို့သိလျှင် တစ်ဖန်စုရုံးပြန်၏။
၂ ရာ 10:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ဆီးရီးယားလူမျိုးတို့ ထွက်ပြေးကြသည်ကို အမ္မုန်အမျိုးသားတို့မြင်သောအခါ သူတို့လည်း အဘိရှဲရှေ့မှ မြို့ထဲသို့ပြန်ပြေးဝင်ကြ၏။ ထို့နောက် ယွာဘသည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ရာမှ တပ်ခေါက်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ Common Language Bible ဤသို့ရှုရိပြည်သားတို့ဆုတ်ပြေးကြသည် ကိုအမ္မုန်ပြည်သားတို့မြင်သောအခါ အဘိ ရှဲထံမှထွက်ပြေးကာမြို့ထဲသို့ပြန်၍ဝင် သွားကြ၏။ ထိုအခါယွာဘသည်အမ္မုန်ပြည် သားနှင့်တိုက်ပွဲမှတပ်ခေါက်၍ယေရုရှလင် မြို့သို့ပြန်လေ၏။ Garrad Bible အ မ္မုန် အ မျိုး သား တို့ လည်း ရှု ရိ တပ် ဆုတ် ပြေး ရ သည် ကို သိ မြင် လျှင် အ ဘိ ရှဲ ရှေ့ မှ မြို့ တွင်း သို့ ဆုတ် ပြေး ခို ဝင် ကြ သည် နှင့် ယွာ ဘ သည် အ မ္မုန် ပြည် က ထွက်၍ ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ လေ၏။ Judson Bible ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။ |
အစ္စရေးလူမျိုးတို့ကို မိမိတို့ရှုံးနိမ့်ကြောင်း ဆီးရီးယားလူမျိုးတို့သိလျှင် တစ်ဖန်စုရုံးပြန်၏။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
ဒါဝိဒ်မင်းကြီးက အဘိရှဲအား “ယခု ဗိခရိ၏သားရှေဘသည် ငါတို့ကို အဗရှလုံထက်ပို၍ အန္တရာယ်ပေးနိုင်၏။ ထို့ကြောင့် သင့်သခင်၏အမှုထမ်းတို့ကိုခေါ်၍ သူ့နောက်သို့လိုက်လော့။ သို့မဟုတ်လျှင် သူသည် ခံတပ်မြို့များတွင် ဝင်ခိုပြီး ငါတို့လက်မှ လွတ်မြောက်လိမ့်မည်”ဟု မိန့်ဆို၏။
အကျွန်ုပ်သည် အကျွန်ုပ်၏ရန်သူများကို လိုက်၍ သုတ်သင်ခဲ့ပါ၏။ သူတို့ကိုအပြီးသတ်မသုတ်သင်မီတိုင်အောင် နောက်ပြန်မလှည့်ခဲ့ပါ။
ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကြီး၏။
ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး