ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။
၂ ရာ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကလည်း သူ့အား “မည်သို့ဖြစ်ပျက်ခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆိုလျှင် သူက “စစ်သည်တို့သည် စစ်ပွဲမှ ထွက်ပြေးကြရပါ၏။ စစ်သည်အများအပြား လဲကျသေဆုံးကြရပါ၏။ ရှောလုမင်းကြီးနှင့်သူ့သားယောနသန်လည်း သေသွားပါပြီ”ဟု ပြောပြ၏။ Common Language Bible ဒါဝိဒ်က``အမှုကားအဘယ်သို့နည်း'' ဟု မေးလျှင်၊ လူငယ်က``ကျွန်တော်တို့၏တပ်မတော်သည် တပ်လန်၍သွားသဖြင့် လူအများကျဆုံး ကြပါသည်။ ရှောလုမင်းနှင့်သားတော်ယော နသန်တို့သည်လည်းအသတ်ခံရကြပါ ၏'' ဟုဆို၏။ Garrad Bible ငါ့ အား ပြန် ပြော လော့ ဟု ဒါ ဝိဒ် မေး ပြန် သော်၊ ဣ သ ရေ လ တပ် ဆုတ် ပြေး ရ၍ လူ အ များ ကျ ဆုံး လျက် ရှော လု မင်း နှင့် သား တော် ယော န သန် လည်း ကွယ် လွန် ကြ ပါ ပြီ ဟု ပြန် လျှောက် သည့် အ တိုင်း၊ Judson Bible ဒါဝိဒ်ကလည်း၊ အမှုကား အဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟု မေးလျှင်၊ သူက ဣသရေလလူတို့သည် စစ်တိုက်ရာတွင်ပြေး၍ အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။ |
ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။
ဒါဝိဒ်က သတင်းကြားပြောသောလူငယ်အား “ရှောလုမင်းကြီးနှင့် သူ့သားယောနသန် သေဆုံးသည်ကို သင်မည်သို့သိသနည်း”ဟု မေးလျှင်
လူတစ်ယောက်က ‘ကြည့်ပါ။ ရှောလုမင်းကြီးသေပြီ’ဟု ငါ့ထံ သတင်းလာပြော၏။ သူသည် သူ့ကိုယ်သူ သတင်းကောင်းယူလာသူဟု မြင်သော်လည်း ငါသည် သူ့ကိုဖမ်းပြီး ဇိကလတ်မြို့တွင် ကွပ်မျက်လိုက်၏။ ဤသည်မှာ ထိုသတင်းအတွက် သူ့ကို ငါပေးသောဆုလာဘ်ဖြစ်၏။
ထိုသူက ဧလိအား “အကျွန်ုပ်သည် စစ်မြေပြင်မှ ထွက်ပြေးလာသူဖြစ်ပါ၏။ ယနေ့ပင် စစ်မြေပြင်မှ ထွက်ပြေးလာပါ၏”ဟု ပြောလျှင် ဧလိက “ငါ့သား၊ အခြေအနေ မည်သို့ရှိသနည်း”ဟု မေး၏။