အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
၂ ပေ 3:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ချစ်ရသောသူတို့၊ ထာဝရဘုရားအတွက် နေ့ရက်တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် နေ့ရက်တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်ဟူသောအချက်တစ်ခုကို မမေ့လျော့ကြနှင့်။ Common Language Bible သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။- Garrad Bible ချစ် သူ တို့၊ ထာ ဝ ရ ဘု ရား ရှေ့ တစ် ရက် သည် နှစ် ပေါင်း တစ် ထောင် ကဲ့ သို့ လည်း ကောင်း၊ နှစ် ပေါင်း တစ် ထောင် သည် တစ် ရက် ကဲ့ သို့ လည်း ကောင်း ဖြစ် သည် ဟူ သော တစ် ချက် တည်း ကို မ မေ့ ကြ နှင့်။ Judson Bible ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတစ်ရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်းဖြစ်သည် အရာတစ်ခုကို မမေ့လျော့ကြနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ဤအချက်ကို မမေ့နှင့်။ ထာဝရဘုရားအတွက် တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့ဖြစ်၏။ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ဖြစ်၏။ |
အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး
ညီအစ်ကိုတို့၊ ဝိညာဉ်ဆုကျေးဇူးများနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။
ချစ်ရသောသူတို့၊ ယခု ဤဒုတိယစာကို သင်တို့ထံသို့ ငါရေးလိုက်၏။ ငါသည် ဤစာနှစ်စောင်လုံးတွင် သင်တို့ကိုသတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့၏ဖြူစင်သောစိတ်နှလုံးကို နိုးကြားတက်ကြွစေ၏။