ထိုအရပ်၌ပင် သင်သည် မီးလောင်ခံရမည်။ ဓားဖြင့် ခုတ်သတ်ခံရမည်။ ယာလက်ကျိုင်းဝါးမျိုခံရသကဲ့သို့ ဝါးမျိုခံရမည်။ သင့်ကိုယ်သင် ယာလက်ကျိုင်းကဲ့သို့ တိုးပွားစေလော့။ သင့်ကိုယ်သင် အရာဘကျိုင်းကဲ့သို့ တိုးပွားစေလော့။
၂ တိ 2:17 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏စကားသည် မြစ်ပွားနာကဲ့သို့ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့်ဖိလက်တို့ပါ၏။ Common Language Bible ယင်းသွန်သင်ချက်သည်အသားကိုပုပ်ရိ စေတတ်သည့်ခူနာနှင့်တူ၏။ ထိုသို့သွန်သင် သူတို့တွင် ဟုမေနဲနှင့်ဖိလက်တို့လည်း ပါကြ၏။- Garrad Bible သြ ဝါ ဒ လည်း အ နာ ကြီး ကဲ့ သို့ တိုး ပွား လိမ့် မည်။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း လွန် ခဲ့ ပြီ ဟု ဆို လျက် သ မ္မာ တ ရား တော် မှ တိမ်း ရှောင် သ ဖြင့် အ ချို့ တို့ ယုံ ကြည် ခြင်း ကို မှောက် လှန် ကြ သော ဟု မေ နဲ နှင့် ဖိ လက် တို့ သည် ထို သူ တို့ အ ဝင် ဖြစ် ကြ၏။ Judson Bible သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက် ပါသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏စကားသည် အသားကို တရိရိပုပ်စေတတ်သည့် ခူနာကဲ့သို့ ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့် ဖိလက်တို့ ပါ၏။ |
ထိုအရပ်၌ပင် သင်သည် မီးလောင်ခံရမည်။ ဓားဖြင့် ခုတ်သတ်ခံရမည်။ ယာလက်ကျိုင်းဝါးမျိုခံရသကဲ့သို့ ဝါးမျိုခံရမည်။ သင့်ကိုယ်သင် ယာလက်ကျိုင်းကဲ့သို့ တိုးပွားစေလော့။ သင့်ကိုယ်သင် အရာဘကျိုင်းကဲ့သို့ တိုးပွားစေလော့။
သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။
သင်တို့၏ရွှေငွေများသည် အချေးတက်လျက်ရှိပြီ။ ထိုအချေးသည်လည်း သင်တို့တစ်ဖက်၌ သက်သေဖြစ်၍ သင်တို့အသားကို မီးကဲ့သို့ လှိုက်စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ဥစ္စာများကိုသိုမှီးထားကြသည်တကား။