ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။
၂ ကော 3:15 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့တိုင်အောင် မောရှေ၏ကျမ်းများကိုဖတ်သည့်အခါတိုင်း ထိုသူတို့၏စိတ်နှလုံးပေါ်တွင် ထိုမျက်နှာလွှားသည် ဖုံးအုပ်လျက်ရှိ၏။ Common Language Bible ယနေ့တိုင်အောင်ပင်လျှင်မောရှေ၏ပညတ်ကျမ်း ကိုဖတ်ကြသည့်အခါများ၌ သူတို့၏စိတ်နှလုံး သည်ပဝါဖုံးလျက်ပင်ရှိသေး၏။- Garrad Bible ယ နေ့ တိုင် အောင် ပင် မော ရှေ၏ ကျမ်း များ ကို ဖတ် နာ သည့် အ ခါ တိုင်း ထို သူ တို့ စိတ် နှ လုံး အ ပေါ် တွင် လည်း အ ဖုံး အ ကာ တင် လျက် ရှိ ၏။ Judson Bible ယခုတိုင်အောင်လည်း၊ မောရှေ၏ကျမ်းစာကို ဖတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက် ရှိသေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယနေ့တိုင်အောင်ပင် မောရှေ၏ ကျမ်းစာကို ဖတ်ကြသောအခါတိုင်းတွင် သူတို့၏ စိတ်နှလုံးသည် ထိုပဝါဖြင့် ဖုံးအုပ်ခံရဆဲဖြစ်လျက် နားမလည်နိုင်ဘဲရှိကြ၏။ |
ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။
ထိုသူတို့၏စိတ်နှလုံးသည် မာကျောလျက်ရှိ၍ ယနေ့တိုင်အောင် ပဋိညာဉ်ဟောင်းကိုဖတ်သောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းမခံရဘဲ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာ ထိုမျက်နှာလွှားကို ဖယ်ရှားနိုင်၏။
သို့သော် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းခံရ၏။