ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
၂ ကော 13:8 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် သမ္မာတရားကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မပြုနိုင်ကြ။ သမ္မာတရားဘက်၌နေ၍သာလျှင် ပြုနိုင်ကြ၏။ Common Language Bible ငါတို့သည်သမ္မာတရားတော်ကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှမပြုနိုင်ကြ။ သမ္မာတရား တော်ဘက်မှနေ၍သာလျှင်ပြုနိုင်ကြ၏။- Garrad Bible ငါ တို့ သည် သ မ္မာ တ ရား ကို ဆန့် ကျင် လျက် မည် သည် ကို မျှ မ ပြု နိုင်။ သ မ္မာ တ ရား အ ဖို့ သာ ပြု ခွင့် ရှိ ကြ၏။ Judson Bible ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှာ အလျှင်းမတတ်နိုင်ကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သမ္မာတရားကို ဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မပြုနိုင်ကြ။ သမ္မာတရားဘက်၌ နေ၍သာ ပြုနိုင်ကြ၏။ |
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
လူးလာပျံဝဲသည့် စာငှက်ကဲ့သို့လည်းကောင်း၊ ပျံသန်းသွားလာသည့် ပျံလွှားငှက်ကဲ့သို့လည်းကောင်း အကြောင်းမဲ့ကျိန်ဆဲခြင်းသည် လာရောက်ရပ်နားခြင်းမရှိတတ်။
သို့သော် ယေရှုက“သူ့ကိုမတားမြစ်ကြနှင့်။ အကြောင်းမူကား ငါ၏နာမဖြင့် တန်ခိုးလက္ခဏာကိုပြုပြီးနောက် မကြာမီအတွင်း ငါ့ကိုပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ဦးမျှမရှိ။
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။
ငါတို့အားနည်းလျှင်လည်း သင်တို့အားကြီးသောအခါ ငါတို့ဝမ်းမြောက်ကြ၏။ သင်တို့သည် ပြည့်ဝစုံလင်သောသူဖြစ်ကြရန်အတွက်လည်း ငါတို့ဆုတောင်းကြ၏။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။