ဤသည်ကား “ကိုယ်တော်သည် အကျွန်ုပ်တို့၏အားနည်းခြင်းများကို ယူဆောင်၍ အကျွန်ုပ်တို့၏ရောဂါများကို သယ်ဆောင်သွားတော်မူ၏”ဟု ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
၂ ကော 12:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောသူနှင့်ပတ်သက်၍ ငါဝါကြွားမည်။ ငါနှင့်ပတ်သက်၍မူကား ငါ၏အားနည်းခြင်းအကြောင်းမှတစ်ပါး ဝါကြွားခြင်းကို ငါမပြု။ Common Language Bible သို့ဖြစ်၍ထိုသူ၏အကြောင်းကိုငါကြွား ဝါမည်။ သို့သော်မိမိ၏အားနည်းချက်များ မှတစ်ပါးအခြားအရာများအကြောင်း ကိုကြွားဝါလိမ့်မည်မဟုတ်။- Garrad Bible ထို သို့ သော သူ အ တွက် ငါ ဂုဏ် တင် မည်။ ကိုယ့် အ တွက် မူ ကား အား နည်း ခြင်း များ မှ တစ် ပါး ဂုဏ် တင် မည် မ ဟုတ်။ Judson Bible ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှတစ်ပါး ကိုယ်ဂုဏ်ကို မဝါကြွား။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သောသူ၏အကြောင်းကို ကျွန်ုပ်ကြွားဝါမည်။ ကျွန်ုပ်နှင့်ပတ်သက်လျှင်မူ ကျွန်ုပ်၏ အားနည်းခြင်းအကြောင်းမှလွဲ၍ ကြွားဝါမည်မဟုတ်။ |
ဤသည်ကား “ကိုယ်တော်သည် အကျွန်ုပ်တို့၏အားနည်းခြင်းများကို ယူဆောင်၍ အကျွန်ုပ်တို့၏ရောဂါများကို သယ်ဆောင်သွားတော်မူ၏”ဟု ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ငါသည် သင်တို့နှင့်အတူရှိစဉ်က အားနည်းလျက်၊ ကြောက်ရွံ့လျက်၊ အလွန်တုန်လှုပ်လျက်နေ၏။
ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏အားနည်းခြင်းနှင့်ပတ်သက်သောအရာများကို ငါဝါကြွားမည်။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။