ထာဝရဘုရားသည် အကြံအစည်တော် မထမြောက်မချင်း၊ မပြီးမြောက်မချင်း အမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့ ရှင်းရှင်းလင်းလင်းနားလည်ကြလိမ့်မည်။
၁ သက် 5:2 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။ Common Language Bible သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။- Garrad Bible ညဉ့် အ ခါ ခိုး သူ လာ သ ကဲ့ သို့ အ ရှင် ဘု ရား၏ နေ့ ရက် တော် ရောက် လာ မည် ကို သင် တို့ ကိုယ် တိုင် အ သေ အ ချာ သိ ကြ၏။ Judson Bible အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညအခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သူခိုးသည် ညအချိန်လာသကဲ့သို့ သခင်ဘုရား၏ နေ့ရက်သည် မမျှော်လင့်ဘဲရောက်လာမည်ကို သင်တို့ကောင်းစွာသိသောကြောင့် ဖြစ်၏။ |
ထာဝရဘုရားသည် အကြံအစည်တော် မထမြောက်မချင်း၊ မပြီးမြောက်မချင်း အမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့ ရှင်းရှင်းလင်းလင်းနားလည်ကြလိမ့်မည်။
သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား ထိုနေ့ရက်နှင့် ထိုအချိန်နာရီကို သင်တို့မသိကြ။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် အမှောင်ထဲ၌မရှိသောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ကို အငိုက်ဖမ်းလိမ့်မည်မဟုတ်။
ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေ သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဖြစ်သည့်ပုံမျိုးပြောဆိုကြသော်လည်း စိတ်ထဲ၌ အလျင်အမြန်တုန်လှုပ်ခြင်း၊ သို့မဟုတ် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန် သင်တို့အား ငါတို့တောင်းပန်ကြ၏။
ထို့ကြောင့် ယောရှုနှင့်စစ်သူရဲအပေါင်းတို့သည် မေရုံအိုင်သို့ ချီတက်၍ ရန်သူတို့ကို အလစ်ဝင်တိုက်လေ၏။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
(ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။