ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ သင်တို့သည် ရွေးကောက်တော်မူခြင်းခံရကြောင်းကို ငါတို့သိကြ၏။
ညီအစ်ကိုတို့၊ ဘုရားသခင်သည်သင်တို့ ကိုချစ်တော်မူ၍ရွေးကောက်တော်မူကြောင်း ကိုငါတို့သိ၏။-
ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုမောင်နှမတို့… ဘုရားသခင်၏ လူများဖြစ်လာရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ဟောရှေကျမ်း၌ “ငါ၏လူမျိုးမဟုတ်သောသူကို ‘ငါ၏လူမျိုး’ဟူ၍လည်းကောင်း၊ မချစ်သောသူကို ‘ချစ်သောသူ’ဟူ၍လည်းကောင်း ငါခေါ်မည်။
ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှု၊ မေတ္တာဖြင့်ကြိုးပမ်းအားထုတ်မှုနှင့် ငါတို့သခင်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းအားဖြင့်ဖြစ်ပေါ်သောသည်းခံမှုတို့ကို ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်၌ အမြဲမပြတ်အောက်မေ့ကြ၏။
သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။