တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ ဟာနနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
၁ ရာချုပ် 9:14 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးမှ မေရာရိသားမြေးတွင် ဟာရှဘိ၏မြစ်၊ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သား ရှေမာယ၊ Common Language Bible အောက်ပါလေဝိအနွယ်ဝင်တို့သည်ယေရုရှလင် မြို့တွင်နေထိုင်ကြ၏။ မေရာရိသားချင်းစုဝင်၊ ဟာရှဘိနှင့်အာဇရိကံ တို့မှ ဆင်းသက်လာသောဟာရှုပ်၏သားရှေမာရ။ ဗာကဗက္ကာ၊ဟေရက်နှင့်ဂလာလ။ အာသပ်၊ဇိခရိတို့မှဆင်းသက်လာသော မိက္ခာ၏သားမဿနိ။ ဂလာလ၊ ယေဒုသုံတို့မှဆင်းသက်လာ သော ရှေမာယ၏သားသြဗဒိ။ ဧလကာန၏မြေး၊အာသ၏သားဗေရခိ၊ ဧလကာနသည်နေတောဖာသိမြို့အပိုင် နယ်မြေသားဖြစ်၏။ Garrad Bible လေ ဝိ ဂိုဏ်း သား တို့ အ နက် မေ ရာ ရိ အ ဆက် ဟာ ရှ ဘိ မြစ်၊ အာ ဇ ရိ ကံ့ မြေး၊ ဟာ ရှုပ် သား၊ ရှေ မာ ယ။ Judson Bible လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှဆင်းသက်သော ရှေမာရတစ်ပါး၊ |
တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ ဟာနနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။
မေရာရိ၏သားများမှာ မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ဤသည်ကား ဘိုးဘေးမျိုးနွယ်အလိုက် လေဝိအမျိုးတို့၏မျိုးနွယ်စုများ ဖြစ်ကြ၏။
မေရာရိ၏သားမြေးများမှာ မေရာရိ၏သား မဟာလိ၊ မဟာလိ၏သား လိဗနိ၊ လိဗနိ၏သား ရှိမိ၊ ရှိမိ၏သား ဩဇ၊
မေရာရိအမျိုး၏မျိုးနွယ်စုအလိုက် မေရာရိသားမြေးတို့အဖို့ မဲချရာ ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရကြ၏။
သူတို့သည် ကိုယ့်ညီအစ်ကိုများတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး စုစုပေါင်း အယောက်တစ်ထောင့်ခုနစ်ရာခြောက်ဆယ် ရှိ၏။ ဘုရားသခင်၏အိမ်တော်၌ အမှုတော်ကိုထမ်းဆောင်ရန် အရည်အချင်းရှိသူများ ဖြစ်၏။
ဧလျာရှိပ်၏သား ယောဟနန်လက်ထက်တိုင်အောင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးတို့၏အမည်ကို ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားကြ၏။
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
မျိုးနွယ်စုအလိုက် လေဝိအမျိုးစာရင်းဝင်သောသူတို့ကား ဂေရရှုန်မှဆင်းသက်သော ဂေရရှုန်မျိုးနွယ်စု၊ ကောဟတ်မှဆင်းသက်သော ကောဟတ်မျိုးနွယ်စု၊ မေရာရိမှဆင်းသက်သော မေရာရိမျိုးနွယ်စု တို့ဖြစ်ကြ၏။