၁ ရာချုပ် 8:12 - မြန်မာ့စံမီသမ္မာကျမ်း ဧလပါလ၏သားများမှာ ဧဗာ၊ မိရှဟံ၊ ရှာမက် တို့ဖြစ်ကြ၏။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများကို တည်ဆောက်ခဲ့၏။ Common Language Bible ဧလပါလတွင်ဧဗာ၊ မိရှဟံ၊ ရှာမက်၊ ဟူ၍ သားသုံးယောက်ရှိ၏။ သြနောမြို့၊ လောဒမြို့ နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများကိုတည် ထောင်သူမှာရှာမက်ဖြစ်၏။ Judson Bible ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက်တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။ |
ဗေရိယနှင့် ရှေမာသည် ဂါသမြို့သားတို့ကို နှင်ထုတ်ခဲ့သော အာယလုန်မြို့သားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။
လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သား စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်ငါးယောက်၊
ထိုအခါ သမ္ဘာလတ်နှင့် ဂေရှင်က “လာပါ ဩနောလွင်ပြင်၊ ခေဖိရိမ်ရွာတွင် ဆုံကြပါစို့”ဟု ငါ့ထံ သတင်းပို့လာ၏။ စင်စစ် သူတို့သည် ငါ့ကို လုပ်ကြံရန် ကြံစည်ကြခြင်းသာ ဖြစ်၏။
လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သားပေါင်း ခုနစ်ရာနှစ်ဆယ့်တစ်ယောက်၊
ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။