၁ ရာချုပ် 7:3 - မြန်မာ့စံမီသမ္မာကျမ်း ဩဇိ၏သားမှာ ဣဇရဟိ ဖြစ်ပြီး ဣဇရဟိ၏သားများမှာ မိက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှိယ ပေါင်းငါးယောက်ရှိ၏။ သူတို့အားလုံးသည် အကြီးအမှူးများ ဖြစ်ကြ၏။ Common Language Bible သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။- Garrad Bible သြ ဇိ သား ကား၊ ဣ ဇ ရ ဟိ။ ဣ ဇ ရ ဟိ သား များ မိ က္ခေ လ၊ သြ ဗ ဒိ၊ ယော လ၊ ဣ ရှ ယာ၊ အ အုပ် အ ချုပ် ဖြစ် သူ ငါး ယောက် တို့ တည်း။ Judson Bible ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။ |
သူတို့၏အိမ်ထောင်စုခေါင်းဆောင်များမှာ ဧဖေရ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလ တို့ဖြစ်ပြီး သူတို့သည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ နာမည်ကျော်ကြားသူများ၊ အိမ်ထောင်စုခေါင်းဆောင်များ ဖြစ်ကြ၏။
သူတို့သည် မယားများ၊ သားသမီးများ များပြားစွာရှိသဖြင့် သူတို့၏ဆွေစဉ်မျိုးဆက်အလိုက်၊ သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စစ်တိုက်နိုင်သောစစ်သည်ပေါင်း သုံးသောင်းခြောက်ထောင် ရှိ၏။